လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ မင်းဘူးစု ကျေးရွာအုပ်စု၊ ရေနံချောင်းရွာသစ်ကျေးရွာတွင် (၂၅-၄-၂၀၂၀) ရက်နေ့(၁၅:၃၀)နာရီအချိန်၌ ဖြစ်ပွားခဲ့သော မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် လေဘေးသင့်ခဲ့သော အိမ်ခြေ (၁)လုံး၊ လူဦးရေ(၃)ဦးတို့အတွက် အိမ်ထောင်စု(၁)စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး ပုံး(၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၆,၃၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆,၃၀၀/-)ကျပ်အားလည်းကောင်း၊ လပွတ္တာမြို့နယ်၊ သရက်ကုန်းလဲပျောက် ကျေးရွာအုပ်စု၊ ဖိုးငြိမ်းစုကျေးရွာတွင် (၂၅-၄-၂၀၂၀) ရက်နေ့ (၁၆:၁၀) အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ခြေ(၆)လုံး၊ လူဉီးရေ(၂၆)ဉီး၊ အိမ်ထောင်စု(၆)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပုံး(၆)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၆၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံငွေ(၅၄,၆၀၀)ကျပ်၊ စုစုပေါင်း (၆၅၄,၆၀၀/-)ကျပ်အား (၂၇-၄-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် လွှတ်တော်ကိုယ်စားလှယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့် အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_apr2020
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)