Author Archives: Department of Disaster Management

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၄-၂၀၂၀) ရက်နေ့၊ ည(၁၀း၀၀) နာရီချိန်ခန့်တွင် မိုင်းဆတ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သောလေပြင်းဘေးကြောင့် ပြိုလဲအိမ်ခြေ (၁) လုံးအတွက် (၁-၅-၂၀၂၀) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ အိမ်‌ဆောက်ပစ္စည်း ထောက်ပံ့ငွေ (၂၇၀၀၀ိ/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး အိမ်ထောင်စု (၁)စုစာနှင့် ဆန်ရိက္ခာ လူဦးရေ (၇) ဦးအတွက် (၇) ရက်စာ (၁၄၇၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၄၁၇၀၀ိ/-) အား ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw #shn_may2020 … Read more

  • Covid-19 အသိပညာပေးဟောပြောခြင်း၊ mask၊ ဆပ်ပြာခဲနှင့် လက်ဆေးဘေးစင်များ ထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၃၀.၄.၂၀၂၀)ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်အတွင်းရှိ အေးလင်းမြတ်ရှင်စခန်းနှင့် မြတ်ပန်းဝတ်မှုံစခန်းများသို့သွားရောက်၍ COVID-19 ကူးစက်မြန်အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း IDPစခန်း(၂)ခုရှိ အိမ်ထောင်စု(၈၇၁)စုမှ လူဦးရေ(၅၂၈၁)ဦးတို့အတွတ် Mask(၁၀၀၀)ခုစီနှင့် ဆပ်ပြာ(၁၀၀၀)ခဲနှင့် လက်ဆေးဘေစင်(၂၀)လုံးတို့အား သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #krn_may2020 Source:           ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါ အသိပညာပေးနှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀.၄.၂၀၂၀)ရက်နေ့တွင် ဝမ်ဟတ်တိုက်နယ်၊ ဆောင်ကျဲကျေးရွာတွင်လည်းကောင်း၊ (၁.၅.၂၀၂၀)ရက်နေ့တွင် ဒါးဆိပ် တံတား၌ အခြားမြို့နယ်မှ ဝင်ရောက်လာသူများအား အပူချိန်တိုင်းခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနဆိုင်ရာ များနှင့်ပူးပေါင်း၍သော်လည်းကောင်း ၊ လင်းခေးမြို့နယ်၊ နားကုန်းကျေးရွာတွင်လည်းကောင်း လတ်တလောဖြစ်ပေါ်နေသော ကူးစက်မြန်ရောဂါ (COVID. 19)နှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များကို ဗမာ၊ ရှမ်း (၂)ဘာသာဖြင့် အသိပညာပေးပန်ကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #shn_may2020 Source:           လင်းခေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါ အသိပညာပေးနှိုးဆော်ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီး ဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁.၅.၂၀၂၀) ရက်နေ့ (၀၈:၀၀)မှ စတင်ပြီး ဘီးလင်းမြို့နယ်၊ အနှိုင်းပွန်ကျေးရွာအုပ်စုအတွင်းရှိ အနှိုင်းပွန်​ကျေးရွာ၊ သစ်တိုကျေးရွာ၊ အုတ်ဖိုကျေးရွာ၊ အင်းဖျားကျေးရွာနှင့် တောင်ကလေးကျေးရွာတို့ တွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။   #ar #mon_may2020 Source:           ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါ အသိပညာပေးနှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်  (၁-၅-၂၀၂၀) ရက်နေ့တွင်   တာချီလိတ်မြို့၊ဟောင်လိတ်ကျေးရွာအုပ်စု၊ နားမွန်းကျေးရွာ၊ ဟွေအယ်ကျေးရွာတို့၌ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို ရှမ်းဘာသာ၊ မြန်မာဘာသာဖြင့် အသိပညာပေးပန်ကြားမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #shn_may2020 Source:           တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါ ဆောင်ရန်ရှောင်ရန်များ အသိပညာပေးနှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မဘိမ်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁-၅-၂၀၂၀) ရက်နေ့၊ မဘိမ်းမြို့နယ်၊ မယ်ဇလီကျေးရွာ၊ မာနားကျေးရွာ၊ အလယ်ရွာ‌ကျေးရွာ၊ မအူကုန်းကျေးရွာ၊ ဘိုင်ဘင်ကျေးရွာနှင့် ညောင်ပင်သာကျေးရွာတို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများမဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များအား ပြည်သူသို့ ပန်ကြားခြင်းအစီအစဉ်ကို ဆောင်ရွက်ခြင်းနှင့် ဈေးဆိုင်များလိုက်နာရန် အသိပညာပေးလက်ကမ်းစာစောင်များမျှဝေခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #shn_may2020 Source:           မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအား‌ ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၄-၂၀၂၀) ရက်နေ့(၁၅း၀၀)အချိန်မှ (၁၇း၁၅)အချိန်ထိ လေပြင်း တိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော  ကင်းကျေးရွာအုပ်စု၊ အထက်ကင်းကျေးရွာမှ အမိုးလန်နေအိမ် (၃)လုံး အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၁) ဦး၊ ကူးဆိပ်ကျေးရွာအုပ်စု၊ သစ်ခေါက်ကျေးရွာမှ အမိုးလန်အိမ်ခြေ(၁)လုံး အိမ်ထောင်စု (၁)စုမှ လူဦးရေ (၅)ဦး၊ လာပို့ကျေးရွာအုပ်စု၊ ထန်းထပင်ကျေးရွာမှ အမိုးလန်အိမ်ခြေ (၁)လုံး အိမ်ထောင်စု (၁)စုမှ လူဦးရေ (၈)ဦး၊ စုစုပေါင်းကျေးရွာအုပ်စု (၃)အုပ်စု၊ ကျေးရွာ (၃)ရွာမှ  … Read more

  • သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ (၁.၅.၂၀၂၀)ရက်နေ့တွင် ကလေးမြို့(ယာယီရွှေ့ပြောင်း)ဈေးများ၊ ကားဂိတ်များ၊ ရပ်ကွက်တွင်းရှိမုန့်ဆိုင်များတွင် မုန်တိုင်းအသိပညာပေးလက်ကမ်းစာစောင်နှင့် မိုကြိုးဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #sgg_may2020 Source:           ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါ အသိပညာပေးနှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၄-၂၀၂၀) ရက်နေ့တွင် ​​​ဒေးဒရဲမြို့နယ်၊​​​​​ နောက်ပြန်တိုးကျေးရွာအုပ်စုမှ ​နောက်ပြန်တိုးကျေးရွာ၊ တိုက်စုကျေးရွာ၊ စက်ပိုင်းကျေးရွာ၊​ ကျုံဓမင်းကျေးရွာ၊ ရွာသာကြီး​ကျေးရွာမှတာဝန်ရှိသူတို့နှင့်အတူ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာရှိပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ayy_may2020 Source:           ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ (၂၅.၄.၂၀၂၀)နေ့ ကျွန်းစုမြို့နယ်၊ ကျောက်ပိတ်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲအိမ်ခြေ(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝိ/-)နှင့် လူ(၆)ဦးအတွက်ဆန်ဖိုး (၁၂၆၀ဝိ/-)၊ စုစုပေါင်း (၁၁၂၆၀ဝိ/-)အား (၃၀.၄. ၂၀၂၀)နေ့ နေ့လည်၂နာရီတွင် ကျွန်းစုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သွားရောက်ထောက်ပံခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw #tny_may2020 Source:           မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events