လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၄-၂၀၂၀) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ နောက်ပြန်တိုးကျေးရွာအုပ်စုမှ နောက်ပြန်တိုးကျေးရွာ၊ တိုက်စုကျေးရွာ၊ စက်ပိုင်းကျေးရွာ၊ ကျုံဓမင်းကျေးရွာ၊ ရွာသာကြီးကျေးရွာမှတာဝန်ရှိသူတို့နှင့်အတူ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာရှိပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ayy_may2020
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)