လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀.၄.၂၀၂၀)ရက်နေ့တွင် ဝမ်ဟတ်တိုက်နယ်၊ ဆောင်ကျဲကျေးရွာတွင်လည်းကောင်း၊ (၁.၅.၂၀၂၀)ရက်နေ့တွင် ဒါးဆိပ် တံတား၌ အခြားမြို့နယ်မှ ဝင်ရောက်လာသူများအား အပူချိန်တိုင်းခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနဆိုင်ရာ များနှင့်ပူးပေါင်း၍သော်လည်းကောင်း ၊ လင်းခေးမြို့နယ်၊ နားကုန်းကျေးရွာတွင်လည်းကောင်း လတ်တလောဖြစ်ပေါ်နေသော ကူးစက်မြန်ရောဂါ (COVID. 19)နှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များကို ဗမာ၊ ရှမ်း (၂)ဘာသာဖြင့် အသိပညာပေးပန်ကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_may2020
Source: လင်းခေးခရိုင်ဦးစီးမှူးရုံး (ဘစမ)