လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မဘိမ်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁-၅-၂၀၂၀) ရက်နေ့၊ မဘိမ်းမြို့နယ်၊ မယ်ဇလီကျေးရွာ၊ မာနားကျေးရွာ၊ အလယ်ရွာကျေးရွာ၊ မအူကုန်းကျေးရွာ၊ ဘိုင်ဘင်ကျေးရွာနှင့် ညောင်ပင်သာကျေးရွာတို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများမဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များအား ပြည်သူသို့ ပန်ကြားခြင်းအစီအစဉ်ကို ဆောင်ရွက်ခြင်းနှင့် ဈေးဆိုင်များလိုက်နာရန် အသိပညာပေးလက်ကမ်းစာစောင်များမျှဝေခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_may2020
Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)