လေဘေးသင့်ပြည်သူများအား‌ ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၄-၂၀၂၀) ရက်နေ့(၁၅း၀၀)အချိန်မှ (၁၇း၁၅)အချိန်ထိ လေပြင်း တိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော  ကင်းကျေးရွာအုပ်စု၊ အထက်ကင်းကျေးရွာမှ အမိုးလန်နေအိမ် (၃)လုံး အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၁) ဦး၊ ကူးဆိပ်ကျေးရွာအုပ်စု၊ သစ်ခေါက်ကျေးရွာမှ အမိုးလန်အိမ်ခြေ(၁)လုံး အိမ်ထောင်စု (၁)စုမှ လူဦးရေ (၅)ဦး၊ လာပို့ကျေးရွာအုပ်စု၊ ထန်းထပင်ကျေးရွာမှ အမိုးလန်အိမ်ခြေ (၁)လုံး အိမ်ထောင်စု (၁)စုမှ လူဦးရေ (၈)ဦး၊ စုစုပေါင်းကျေးရွာအုပ်စု (၃)အုပ်စု၊ ကျေးရွာ (၃)ရွာမှ  အမိုးလန်အိမ်ခြေ(၅)လုံး အိမ်ထောင်စု(၅)စုမှ လူဦးရေ (၂၄)ဦး အတွက်  ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၀၄၀၀ိ/)၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၁၀၀၀၀ိ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၆၀,၄၀၀/-)ကျပ် တိတိအား (၁-၅-၂၀၂၀) ရက်နေ့တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှတစ်ဆင့်  ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

 

#ha_sgw

#sgg_may2020

Source:           ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events