Author Archives: Department of Disaster Management

  • သောက်သုံးရေလှူဒါန်းခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊​ ရေစကြို​​မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစ​ကြို​မြို့​နယ်၊ ​​ခွေမြှုပ်ကျေးရွာအုပ်စု၊ ခွေးမြှုပ်ကျေးရွာရှိ အိမ်ခြေ (၂၅၂) လုံး၊ အိမ်ထောင်စု (၂၇၀)စု၊ လူဦးရေ(၁၀၇၆)ဦးတို့အတွက် သောက်သုံးရေဂါလံ (၃၆၀၀)အား (၈-၅-၂၀၂၀)ရက်နေ့၊(၀၉:၃၀) အချိန်တွင် ၊ရင်ခွင်မဲ့က​လေးငယ်များ​လျော့ချ​​ရေးနင့် ကာကွယ်​စောင့်ရှောက်ရေးအသင်း၊ လူငယ်ကွန်ရက်၊လူငယ်လုပ်ငန်းအဖွဲ့တို့​နှင့်ပူးပေါင်း၍ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_drg #mgy_may2020 Source:           ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ (၈-၅-၂၀၂၀) ရက်နေ့တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်း ကျောင်း၌ ဒုတိယအကြိမ်အဖြစ် အသွားအလာကန့်သက်မှု (Quarantine) စတင်နေထိုင်လျှက် ရှိသော ပြည်ပမှပြန်လာသူများကို (Covid-19) ရောဂါနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရန် အချက်များ၊ အဆောင်အတွင်းလိုက်နာရမည့် စည်းကမ်းများသိရှိစေရန် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်း ဝန်ထမ်းများက စကားပြောစက်မှတဆင့် တစ်နေ့(၂) ကြိမ် အသိ ပညာပေး ကြေငြာခြင်းဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: DMTC

  • ပြည်သူလူထုအား COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊​ ရေစကြို​​မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈.၅.၂၀၂၀) ​ရက်​​နေ့ တွင် (၀၈း၀၀)နာရီမှစတင်၍ (၁၂း၀၀)အချိန်ထိ ရေစ​ကြို​မြို့​နယ်၊ ​​ကျောက္ကာကျေးရွာအုပ်စု၊ ​​​​ကျောက္ကာကျေးရွာ၊ ချင်းယားကုန်းကျေးရွာ၊​​ ကျောက်တံခါး​ကျေးရွာ၊ ဂွေးပင်လယ်(တ) ​​ကျေးရွာနှင့် ​​​ဂွေးပင်လယ်(မ)ကျေးရွာတို့တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်းကာ COVID-19ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရန်များကို လော်စပီကာဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။   #ar #mgy_may2020 Source:           ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါ အသိပညာပေးနှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၈-၅-၂၀၂၀)ရက်နေ့၊ နံနက်(၈း၀၀)နာရီချိန်မှ နေ့လည်(၁၂း၀၀)နာရီချိန်ထိ ကော့ကရိတ်မြို့၊ ကော့နွဲကျေးရွာအုပ်စုနှင့် တတန်ကူးကျေးရွာ အုပ်စုတို့၌ COVID-19ကူးစက်မြန်အဆုတ်ရောင်ရောဂါ ပြန့်ပွားမှုများမရှိစေရေးအတွက် ဆောင်ရန်/ရှောင်ရန်တို့အား အသံချဲ့စက်ဖြင့် ကျေးရွာနေပြည်သူတို့အား အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #krn_may2020 Source:           ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့၊ (၀၇:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်အထိ ကျွန်းတောကျေးရွာအုပ်စုရှိ ကျွန်းတောကျေးရွာနှင့် သပြေကျေးရွာတို့၌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ပူးပေါင်း၍ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ ကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #mgy_may2020 Source:           ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၀)ရက်နေ့၊ နံနက် (၀၇:၃၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြောင်းမြခရိုင်၊ အိမ်မဲမြို့ နယ်၊ ပွဲစားဂုံညင်းတန်းကျေးရွာ၊ မဲဇလီစာဖြူ စုကျေးရွာ၊ သားကွင်းကျေးရွာ၊ ကျားနဖူးကျေးရွာတို့တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့အား ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #ayy_may2020 Source:           မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့၊ (၀၇:၃၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်အထိ မကွေးခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ ဇောင်းတောကန်ကျေးရွာ၊ ခပေါင်းတဲအရှေ့ကျေးရွာ၊ ခပေါင်းတဲအနောက်ကျေးရွာများသို့ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပြည်သူလူထု အသိပညာပေးပန်ကြားချက်များကို လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #mgy_may2020 Source:           ချောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ အိုးဘိုကျေးရွာအုပ်စု၊ ကန်နက်ကျေးရွာ၊ ကန်နီကျေးရွာအုပ်စု၊ မကျီးလေးပင်ကျေးရွာတို့၌ (၆-၅-၂၀၂၀) ရက်‌နေ့၊ (၁၈:၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ်(၁၀)လုံးမှ လူဦးရေ (၄၆)ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၉၆,၆၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၈၃,ဝဝဝ/-) ကျပ်တို့ကို မြိုင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ မြိုင်မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၇-၅-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_apr2020 … Read more

  • Covid-19 ရောဂါ အသိပညာပေးနှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ (၂၈.၄.၂၀၂၀)ရက်နေ့နှင့် (၃၀.၄.၂၀၂၀)ရက်နေ့တွင် ဆမီးတိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများအား Covid-19 ရောဂါအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #chn_may2020 Source:           မင်းတပ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ဆပ်ပြာခဲ့နှင့် mask များ ပေးအပ်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ ဆမီးတိုက်ပွဲရှောင်စခန်းများတွင် Covid-19 ကြိုတင်ကာကွယ်တားဆီးရေးအတွက်လို အပ်သော ဆပ်ပြာတောင့်များအား (၁၅.၄.၂၀၂၀)ရက်နေ့တွင်လည်းကောင်း၊ Mask များအား (၄.၅.၂၀၂၀)ရက်နေ့တွင်လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #chn_may2020 Source:           မင်းတပ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events