Author Archives: Department of Disaster Management
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၂၀) ရက်နေ့ (၀၇:၀၀)နာရီချိန်မှ (၁၃၃၀ )နာရီထိ ဟင်္သာတမြို့နယ်အတွင်းရှိ ရွာသာကုန်းအုပ်စု၊ (ညောင်ပင်စျေး၊ အုန်းကုန်း၊ ချင်းကုန်း၊ မကျီးကုန်း၊ တန်းလျားကြီး၊ အိုဘိုစု၊ အလုံစု၊ စလင်းစု၊ ကုန်းကြီး(တောင်/မြောက်)၊ ရွာသာကုန်း၊ သရက်ကုန်း)ကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွါးလျှက်ရှိသောCOVID-19 ကူးစက်ရောဂါနှင့််ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် များအား ကျေးရွာနေပြည်သူများအား အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများနှင့် မီးဘေးသင့်ပြည်သူများအားထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွေဘိုခရိုင် ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့၊ကုလားမကျေးရွာအုပ်စု၊မကျည်းသုံးပင်ကျေးရွာအုပ်စုနှင့် လက်ကောက်ကျကျေးရွာအုပ်စုတို့တွင် (၁၅-၅-၂၀၂၀) ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့်အိမ်ထောင်စု(၆)စုမှ လူဦးရေ(၂၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆၀၉၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၈၀၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂၄၀၉၀၀ိ/-)နှင့် (၁၇-၅-၂၀၂၀) ရက်နေ့ ရွှေဘိုမြို့နယ်၊ ခွန်တောင်းငယ်ကျေးရွာတွင် မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ခဲ့သော မီးဘေးသင့်အိမ်ခြေ (၁ )လုံး အိမ်ထောင်စု( ၁) စုမှလူဦးရေ (၂)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၄၂၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၇-၅-၂၀၂၀) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ကျုံစလူကျေးရွာအုပ်စု၊ ဆင်သေကွေ့ကျေးရွာ၌ (၀၈:၀၀)နာရီအချိန်တွင်လည်းကောင်း၊ ငရုပ်ကောင်းကျေးရွာ၌ (၀၉:၀၀)နာရီအချိန်တွင်လည်းကောင်း၊ လေးအိမ်တန်းကျေး၌ (၁၀:၀၀)နာရီအချိန်တွင်လည်းကောင်း၊ ကညင်လိန်ကျေးရွာ၌ (၁၁:၀၀)နာရီအချိန်တွင်လည်းကောင်း၊ သင်ချောင်းအရှေ့ကျေးရွာ၌ (၁၂:၀၀)နာရီအချိန် တွင်လည်းကောင်း၊ သင်ချောင်းအနောက်ကျေးရွာ၌ (၁၃:၀၀)နာရီတွင်လည်းကောင်း၊ ကျွန်းနှစ်ပင်ကျေးရွာ၌ (၁၄:၀၀)နာရီအချိန်တွင်လည်းကောင်း၊ ရေကျော်ကျေးရွာ၌ (၁၅:၀၀)နာရီအချိန်တွင်လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည။ #ar #ayy_may2020 Source: … Read more
-
မီးဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀)ရက်နေ့၊ (၁၂:၃၀) နာရီအချိန်တွင် သရက်ခရိုင်၊ ကံမမြို့နယ်၊ သာဇီကျေးရွာအုပ်စု၊ စမ်းကျေးရွာ၌ မီးလောင်ကျွမ်းမှု ကြောင့် လူနေအိမ်(၇)လုံး၊ မီးဘေးသင့်ခဲ့ပြီး အဆိုပါမီးဘေးသင့်အိမ်ထောင်စု (၇)စု၊ လူဦးရေ (၂၇)ဦး တို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇)ရက်စာ (၅၆,၇၀ဝိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁,၁၀၀,၀၀ဝိ/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း(၁,၁၅၆,၇၀ဝိ/-) ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုး အိမ်ထောင်စု (၇)စုစာတို့အား (၁၈-၅-၂၀၂၀)ရက်နေ့၊ နံနက်(၁၁:၀၀) နာရီ အချိန်တွင် ကံမမြို့နယ်၊ … Read more
-
အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်းအမှတ်စဉ်(၁၃/၂၀၂၀)
(၂၀၂၀ ပြည့်နှစ်၊ မေလ ၁၈ ရက်) (မြန်မာစံတော်ချိန်(၁၁:၀၀)နာရီအချိန်ထုတ်ပြန်ချက်) အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း( Extremely Severe Cyclonic Storm) အခြေအနေ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ၁။ (က) ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ် ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) အမ်ဖန် (AMPHAN) သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းသို့ ရောက်ရှိခဲ့ပါသည်။ … Read more
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇.၅.၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ကျိန်ချောင်းကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာ၆ရွာ၌Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေး အသံဖိုင်အား ဖွင့်လှစ်၍ အသိပညာပေးခြင်း၊ လှည့်လည်ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဖားကန့်မြို့နယ်ရှိ IDPs စခန်းများအား ဆပ်ပြာခဲ၊ ထုံးနှင့် အပူချိန်တိုင်းကိရိယာများ ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၇-၅-၂၀၂၀)ရက်နေ့တွင် ဖားကန့်မြို့နယ်ရှိ နမ္မဖြစ် COC ဘုရားကျောင်း၊ နမ္မဖြစ်ကက်တလစ်ဘုရားကျောင်း၊ နမ္မဖြစ်နှစ်ခြင်းဘုရားကျောင်း၊ ဆိပ်မူယူမာနှစ်ခြင်းဘုရားကျောင်း၊ ဆိပ်မူရဝမ်နှစ်ခြင်းဘုရားကျောင်း၊ ဆိပ်မူလီဆူးနှစ်ခြင်းဘုရားကျောင်း၊ ဆိပ်မူဆိုင်းတောင်နှစ်ခြင်းဘုရားကျောင်း၊ ဆိပ်မူရပ်ကွက်(၄)နှစ်ခြင်းဘုရားကျောင်း၊ မော်ဝမ်းမူရင်းနှစ်ခြင်းဘုရားကျောင်း၊ မော်ဝမ်းအေဂျီဘုရားကျောင်း၊ လုံးခင်းလယ်ပြင်ကုဋေကျေးရွာ၊ လုံးခင်းငြိမ်းချမ်းသာယာ COC ဘုရားကျောင်း၊ လုံးခင်းငြိမ်းချမ်းသာယာလီဆူးနှစ်ခြင်းဘုရားကျောင်း၊ လုံးခင်းရပ်ကွက်(၅) ကက်သလစ်ဘုရားကျောင်း၊ လုံးခင်းမှော်စီစာနှစ်ခြင်းနှင့် လုံးခင်းမှော်စီစာအေဂျီဘုရားကျောင်းIDPs စခန်း(၁၆)ခုမှ အိမ်ထောင်စု(၆၄၃)စု၊ လူဦးရေ(၃၃၆၆)ဦးအတွက် ဆပ်ပြာ(၃၃၆၆)ခဲ၊ ထုံး(၁၆၀) အိတ်နှင့် အပူချိန်တိုင်းကိရိယာ(၁၆)ခုတို့အား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_may2020 Source: … Read more
-
COVID-19 ကူးစက်မြန်ရောဂါနှင့်စပ်လျဉ်းသော သိရှိလိုက်နာရန်အချက်များ အသိပညာဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ မယ်စဲ့မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၇.၅.၂၀၂၀)ရက်နေ့တွင် မယ်စဲ့မြို့နယ်၊ ဟိုဂျစ်ကျေးရွာအုပ်စု၊ ဟိုဂျစ်ကျေးရွာနှင့် ဟိုဖကျေးရွာ၊ မယ်ဆည်နမ်ကျေးရွာအုပ်စု၊ နန်းဟူးကျေးရွာများရှိ ပြည်သူများအား COVID-19ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_may2020 Source: မယ်စဲ့မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ IDP စခန်းများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
မေလ ၁၇ ရက်၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများ နှင့် တိုက်ပွဲရှောင်စခန်းများတွင်နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID – 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ယနေ့တွင် ကချင်ပြည်နယ်၊ ပန်ဝါမြို့နယ်ရှိ အမှတ်(၂)ဒေသပိုင် အဆောက်အဦ၊ ခိုက်ဘာဂျီ (ဆော့ဇမ်စခန်း)၊ ဖားကန့်မြို့နယ်ရှိ နမ္မဖြစ် COC ဘုရားကျောင်း၊ နမ္မဖြစ်ကက်သလစ်ဘုရားကျောင်း၊ နမ္မဖြစ်နှစ်ခြင်းဘုရားကျောင်း၊ မော်ဝမ်းမူရင်းနှစ်ခြင်း၊ မော်ဝမ်းအေဂျီဘုရားကျောင်း၊ ဆိပ်မူယူမာ … Read more
-
Covid-19 ကူးစက်ရောဂါ အသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်၊ မန္တလေးတန်းရပ်ကွက်၊ မြို့မရပ်ကွက်၊ ကျီနီကျေးရွာအုပ်တွင် ကျီနီကျေးရွာ၊ သီးကုန်းကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ ချောင်းမကြီးကျေးရွာ၊ ညောင်ပင်တဲကျေးရွာ၊ ဆည်ကျေးရွာ၊ ကုန်းသာကျေးရွာ၊ ထန်းတပင်ကျေးရွာ၊ သစ်ဆိမ့်ပင်ကျေးရွာ၊ ပိတောက်ပင်၊ အုန်းပင်ခြံကျေးရွာ၊ နိုင်းချောင်းကျေးရွာ၊ မြေနီကုန်းကျေးရွာအုပ်စုတွင် မြေနီကုန်းကျေးရွာ၊ မဲတီးကျေးရွာ၊ ညောင်လှကျေးရွာ၊ မိုးနံကုန်းကျေးရွာ၊ ဇီးတောကျေးရွာ၊ ယုံလေးကုန်းကျေးရွာ၊ ကျီရိုးကျေးရွာ၊ အုပ်ထပ်ပင်ကျေးရွာများသို့ (၁၇.၅.၂၀၂၀) ရက်နေ့တွင် COVID-19 ကူးဆက်ရောဂါနှင့် ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်များကို အသံချဲ့စက်များဖြင့် အသိပညာပေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
