Author Archives: Department of Disaster Management
-
lDPsစခန်းများ၌ (Covid-19) ရောဂါကာကွယ်ရေးအတွက် Hand Gel၊ အဝတ်maskများ ထောက်ပံ့ခြင်းနှင့် masksနှင့်ပက်သက်၍ စနစ်တကျအသုံးပြုနည်းဗီနိုင်းပိုစတာကပ်ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂.၅. ၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်း IDP(camps) (၃)ရပ်ကွက်ကာသိုလိပ်ဘုရားကျောင်း အိမ်ထောင်စု (၃၀)၊ လူဦးရေ(၁၃၈)၊ ကာလိုင်(၁) အိမ်ထောင်စု(၈၄)၊ လူဦးရေ(၄၉၆)၊ ကာလိုင်(၂) အိမ်ထောင်စု (၁၇၅)၊လူဦးရေ(၁၁၀၅)၊ စုစုပေါင်းအိမ်ထောင်စု(၂၈၉)၊ လူဦးရေ(၁၇၃၉) တို့အတွက်လူတစ်ဦးလျှင် အဝတ်masks(၂)ခု နှုန်း၊ အိမ်ထောင်စုတစ်စုလျှင် ရေမလိုလက်သန့်ဆေးရေ(Hand Gel) (၂)ဗူးနှုန်းဖြင့် စုစုပေါင်း အဝတ်masks(၃၄၇၈)ခု၊ ရေမလိုလက်သန့်ဆေးရေ(Hand Gel) (၅၇၈)ဗူးတို့ကို ထောက်ပံ့ပေးခဲ့ပြီး အဝတ်masksနှင့် ပက်သက်၍ စနစ်တကျအသုံးပြုနည်းဗီနိုင်းပိုစတာ ကပ်ပေးခြင်းတို့ကို … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုက်ပိကျေးရွာအုပ်စု၊ ကျိုက်ပိကျေးရွာ၊ အမှတ်(၃)ရပ်ကွက်၌ (၂၁-၅-၂၀၂၀) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၂) ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၄,၂၀၀/-) ကျပ်တို့ကို (၂၂-၅-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး တို့နှင့်အတူ ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၅-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်အထိ မော်လမြိုင်ကျွန်းမြို့နယ်၊ ပလွန်စာကျေးရွာအုပ်စုအတွင်းရှိ ကျောင်းစုကျေးရွာ၊ မြက်တိုကွင်းကျေးရွာနှင့် ပလွန်စာ(ရွာမ)ကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များကို ပြည်သူ့သို့ Hand Speaker ၊ Loud Speaker များဖြင့် အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂.၅.၂၀၂၀)ရက်နေ့ သရက်ချောင်းမြို့နယ်အတွင်းရှိ ရေချိုချောင်းကျေးရွာနှင့် သစ်တိုကုန်းကျေးရွာတို့တွင် လော်စပီကာ၊ Hand Speaker တို့ဖြင့် Covid-19 လတ်တရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_may2020 Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၂၂.၅..၂၀၂၀)ရက်နေ့တွင် ဗန်းမော်မြို့၊ ထွယ်ဆန် IDPစခန်း အိမ်ထောင်စု(၃၇)စု၊ လူဉီးရေ(၂၁၆)ဉီးတို့အတွက် အပူချိန်တိုင်းကိရိယာ ၁ခု၊ hand speaker ၁ခု၊ memory stick ၁ ခု၊ ဘေစင် ၁စုံ၊ ထုံး ၁၀ အိတ်၊ ဆပ်ပြာ (၂၁၆)ခဲ၊ လက်သန့်ဆေးရည်(၇၄)ဗူးနှင့် အဝတ်mask (၄၃၂)ခု၊ ဗန်းမော်မြို့၊ ဖန်းခါးကုန်IDPစခန်း၊ အိမ်ထောင်စု(၉၇)စု၊ လူဉီးရေ(၅၀၂)ဦးတို့အတွက် hand speaker ၁ခု၊ memory stick ၁ … Read more
-
Covid-19 ကူးစက်ရောဂါအသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၂၀)ရက်နေ့ နံနက်(၀၇:၃၀)နာရီအချိန်မှစ၍ နေ့လည်(၀၂:၀၀)နာရီအထိ မြောင်းမြခရိုင်၊မြောင်းမြမြို့နယ်ရှိ တပင်ချောင်း၊ ကွမ်းသီးချောင်းကျေးရွာ၊ ချမ်းသာကုန်းကျေးရွာ၊ သံဃာကုန်းကျေးရွာ၊ ကဝက်ကျေးရွာ၊ လင်းဒိုင်းဒေါင့်ကြီးကျေးရွာ၊ ကွင်းပေါက်ကြီးကျေးရွာ၊ ကျွန်းဒိတ်ကျေးရွာ၊ မုဆိုးမကျေးရွာ၊ ကြက်ခိုးစုကျေးရွာ၊ သပြေမြိုင်ကျေးရွာ၊ ပိတောက်ချောင်းကျေးရွာ၊ လေးကြီးကျေးရွာ၊ ဓါးမြချောင်းကျေးရွာ၊ ငါးတန်တရာကျေးရွာ၊ ညောင်တောစု ကျေးရွာ၊ ဝဲချောင်းကျေးရွာ၊ နတ်စင်ချောင်းကျေးရွာနှင့် ရန်မနိုင်ကျေးရွာတို့တွင် လတ်တလော နိုင်ငံအသီးသီးတွင် ကူးဆက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာနေပြည်သူ လူထုအား အသိပညာပေးလှည့်လည်ဟောပြောမှုများ ဆောင်ရွက်ခဲ့ကြောင်း … Read more
-
လေဘေးထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ရှမ်းရွာကျေးရွာအုပ်စု၊ ဇင်ပြွန်းကုန်းကျေးရွာတွင်(၂၀. ၅.၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျ ပျက်စီးခဲ့သည့် အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀ဝိ/-)၊ လူဦးရေ (၁) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာ ထောက်ပံ့ငွေ (၂၁၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ (၁၀၂၁၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စာကိုလည်ကောင်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်၊ ဇင်ပြွန်းကုန်းကျေးရွာ၌ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ (၂၂.၅.၂၀၂၀) ရက်နေ့ (၁၃း၃၀)နာရီတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw … Read more
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၁-၅-၂၀၂၀)ရက်နေ့တွင် တစ်တီတူးကွင်းကျေးရွာအုပ်စုရှိ တစ်တီတူးကွင်းကျေးရွာ၊ လယ်ကြီးကွင်းကျေးရွာ၊ ကိုင်းတောကွင်းကျေးရွာ၊ ဇီးကုန်းကျေးရွာ၊ ရှမ်းတောကျေးရွာ၊ သူကြီးစုကျေးရွာများအတွင်းရှိ ပြည်သူများ အား Covid- 19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်ရှောင်ရန်အချက် အလက်များကို ပြည်သူများအလွယ်တကူသိရှိလိုက်နာနိုင်ရေးအတွက် လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၂-၅-၂၀၂၀)ရက်နေ့၊ နံနက် (၀၇:၀၀) အချိန်မှ (၁၀:၀၀) နာရီအချိန်အထိ ဆိပ်ဖြူမြို့နယ်၊ တဲကြီးကျေးရွာအုပ်စုရှိ တဲကြီးကျေးရွာ၊ ထန်းပင်ကန်ကျေးရွာနှင့် စိန်ပန်းကုန်းကျေးရွာတို့တွင် လှည့်လည်၍ covid-19 ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_may2020
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၂၀)ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ ကိုင်းတောကွင်းအုပ်စု၊ ကိုင်းတောကွင်းကျေးရွာ၌ ဖြစ်ပွားသော လေဘေးကြောင့် အမိုးလန် အိမ်ထောင်စုဝါး(၁)စုတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၃၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာထောက်ပံဖိုးငွေ (၆,၃၀၀ိ/-)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၃၆,၃၀၀ိ/-)ကျပ်တို့အား (၂၂-၅-၂၀၂၀)ရက်နေ့ (၁၂:၅၀) နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဟင်္သာတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၌ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #ayy_may2020
