လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂.၅. ၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်း IDP(camps) (၃)ရပ်ကွက်ကာသိုလိပ်ဘုရားကျောင်း အိမ်ထောင်စု (၃၀)၊ လူဦးရေ(၁၃၈)၊ ကာလိုင်(၁) အိမ်ထောင်စု(၈၄)၊ လူဦးရေ(၄၉၆)၊ ကာလိုင်(၂) အိမ်ထောင်စု (၁၇၅)၊လူဦးရေ(၁၁၀၅)၊ စုစုပေါင်းအိမ်ထောင်စု(၂၈၉)၊ လူဦးရေ(၁၇၃၉) တို့အတွက်လူတစ်ဦးလျှင် အဝတ်masks(၂)ခု နှုန်း၊ အိမ်ထောင်စုတစ်စုလျှင် ရေမလိုလက်သန့်ဆေးရေ(Hand Gel) (၂)ဗူးနှုန်းဖြင့် စုစုပေါင်း အဝတ်masks(၃၄၇၈)ခု၊ ရေမလိုလက်သန့်ဆေးရေ(Hand Gel) (၅၇၈)ဗူးတို့ကို ထောက်ပံ့ပေးခဲ့ပြီး အဝတ်masksနှင့် ပက်သက်၍ စနစ်တကျအသုံးပြုနည်းဗီနိုင်းပိုစတာ ကပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_may2020
Source: ကွက်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)