Author Archives: Department of Disaster Management

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၅-၂၀၂၀) ရက်နေ့၊ (၀၇:၀၀) နာရီအချိန်မှ (၁၀:၀၀) နာရီအချိန်အထိ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်း​ရှိ ​ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ယောဝရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်နှင့် ရွာသစ်ရပ်ကွက်တို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာ​ပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source:           ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးနှင့်အတူ မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်၊ မဟာမိတ်လမ်း၌ (၂၃-၅-၂၀၂၀) ရက်နေ့၊ (၁၈:၅၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ပျက်စီးနေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၃၇,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ထောင်စု (၃) စုစာနှင့် ဘေးသင့်လူဦးရေ (၁၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၃၇,၈၀၀/-) ကျပ်တို့ကို (၂၄-၅-၂၀၂၀)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mon_may2020 Source:           မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၂၄-၅-၂၀၂၀) ရက်နေ့၊ (၀၇:၀၀) နာရီအချိန်မှ (၀၉:၀၀) နာရီအချိန်အထိ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ မင်းဘူးမြို့၊ အဝိုင်းပတ်၌ နှာ​ခေါင်းစည်း(Mask) တပ်ဆင်ခြင်းမရှိဘဲ ယာဉ်များ တွင် လိုက်ပါလာသော ခရီးသွားပြည်သူများအား ဒဏ်​ငွေ​ပေး​ဆောင်​စေခြင်း၊ Mask တပ်ဆင်​စေခြင်းနှင့် အသိပညာ​ပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source:           မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၃-၅-၂၀၂၀) ရက်နေ့တွင် မိုးမိတ်မြို့၊ အ.ထ.က(၁)ကျောင်း Quarantine Center ၌ရှိသည့် ပြည်‌ပမှပြန်လည်ရောက်ရှိသူ (၂၁)ဦးတို့အတွက် စိတ်ဖိစီးမှု့လျော့နည်းနိုင်ရန်၊ စိတ်အပန်းပြေနိုင်ရန်နှင့် COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန်အချက်များ အသိပညာပေးခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source:           မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)  

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၅-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၇:၃၀) နာရီအချိန်အထိ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ထုမြို့၊ ကျောက်ထုရပ်ကွက်၊ ဂုံဘိုရပ်ကွက်၊ နတ်ရဲရပ်ကွက်တို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပြည်သူသို့ အသိပညာပေးပန်ကြားချက်များကို လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source:           ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ လိုအပ်သည့်ပစ္စည်းများထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မိုင်းခေါင်ဆကျးရွာရှိ၊ နှစ်ခြင်းIDPစခန်းရှိ အိမ်ထောင်စု(၃၆၅)စု၊ လူဉီးရေ(၁၅၈၆)ဉီးတို့အတွက် အပူချိန်​တိုင်းကိရိယာ (၂)ခု၊ Hand speaker (၁)ခု၊ Memory Stick (၁) ခု၊ လက်ဆေးစင် (၆)ခု၊ ထုံး (၁၀) အိတ်၊ ဆပ်ပြာ (၁၅၈၆)ခဲ၊ လက်သန့်ဆေးရည်(၇၃၀)ဘူး၊ ဗွီနိုင်း(၁)ခုနှင့် အ၀တ်နှာခေါင်းစည်း(၃၁၇၂)ခုတို့ကိုလည်းကောင်း၊ မံစီမြို့နယ်၊ မိုင်းခေါင်ကျေးရွာ၊ ကက်သလစ် IDP စခန်းရှိ အိမ်ထောင်စု(၁၅၄)စု၊ လူဉီးရေ(၇၁၇)ဉီးတို့အတွက် … Read more

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၅-၂၀၂၀) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပုဂေါဇွန်းကျေးရွာ၊ သစ်တိုထောက်ကျေးရွာ၊ ကျောက်ဝတ်ကုန်းကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့အသိပညာပေးပန်ကြားချက်ကို Hand Speaker ဖြင့်လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပြီး အသိပညာပေးဗီနိုင်းပိုစတာကပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_may2020 Source:           တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပေးခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၂၀) ရက်နေ့ ၊ (၁၀:၀၀) နာရီအချိန်မှ (၁၆:၀၀) နာရီ အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို တပ်ကုန်းမြို့ နယ်၊ သပြေကုန်းကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာ၊ ကွမ်းတောကျေးရွာ၊ နတ်မာကျေးရွာနှင့် ဆရာစံရပ်ကွက်များရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင် ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_may2020 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး … Read more

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၅-၂၀၂၀) ရက်နေ့၊ (၀၇:၃၀) နာရီအချိန်မှ (၁၅:၄၅) နာရီအချိန်အထိ ပွတ်ခရိုင်ကျေးရွာ၊ ကံစုကျေးရွာ၊ မြစ်ကျိုးလေးကျေးရွာ၊ ကံကွင်းကျေးရွာ၊ ခါးပြတ်ကျေးရွာ၊ ငါးရာဘိုကျေးရွာ၊ ကျုတောကျေးရွာ၊ ဘုရားငုတ္တိုကျေးရွာ၊ ပန်းဖြူကွင်းကျေးရွာ၊ ဖုန်းဆိုးချောင်းကျေးရွာ၊ ဘိုပြားကျေးရွာ၊ ချောင်းကွဲကြီးကျေးရွာ၊ မိချောင်းတစ်ရာကျေးရွာ၊ ပန်းဖြူသစ်ကျေးရွာ၊ လူတော်ကြီးကျေးရွာ၊ လူတော်လေးကျေးရွာ၊ ကွမ်းခြံကုန်းကျေးရွာ၊ အောင်ချမ်းမြကျေးရွာ၊ တောင်စုကျေးရွာ၊ အောင်ချမ်းမြကျေးရွာ၊ တောင်စုကျေးရွာ၊ မြောက်စုကျေးရွာ၊ ကျောင်းသစ်ကျေးရွာ၊ ဒဂုံမေကျေးရွာ၊ ရွာသစ်ကျေးရွာနှင့် ပကိတ်ကျေးရွာတို့၌  COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ … Read more

  • လေဘေးသင့်ပြည်သူများအား‌ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၂၀) ရက်နေ့ (၁၃:၃၀) အချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် (၂၁-၅-၂၀၂၀)ရက်နေ့ (၁၉:၀၀)အချိန်၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၂,၅၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀ဝ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၈,၈၀ဝ/-) ကျပ်အား ဘေးသင့်ပြည်သူများလက်ဝယ်သို့သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ha_sgw #npw_may2020 … Read more

Sign Up

Upcoming Events