COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ လိုအပ်သည့်ပစ္စည်းများထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မိုင်းခေါင်ဆကျးရွာရှိ၊ နှစ်ခြင်းIDPစခန်းရှိ အိမ်ထောင်စု(၃၆၅)စု၊ လူဉီးရေ(၁၅၈၆)ဉီးတို့အတွက် အပူချိန်​တိုင်းကိရိယာ (၂)ခု၊ Hand speaker (၁)ခု၊ Memory Stick (၁) ခု၊ လက်ဆေးစင် (၆)ခု၊ ထုံး (၁၀) အိတ်၊ ဆပ်ပြာ (၁၅၈၆)ခဲ၊ လက်သန့်ဆေးရည်(၇၃၀)ဘူး၊ ဗွီနိုင်း(၁)ခုနှင့် အ၀တ်နှာခေါင်းစည်း(၃၁၇၂)ခုတို့ကိုလည်းကောင်း၊ မံစီမြို့နယ်၊ မိုင်းခေါင်ကျေးရွာ၊ ကက်သလစ် IDP စခန်းရှိ အိမ်ထောင်စု(၁၅၄)စု၊ လူဉီးရေ(၇၁၇)ဉီးတို့အတွက် Hand speaker (၁)ခု၊ Memory Stick (၁) ခု ၊ လက်ဆေးစင် (၃)ခု၊ ထုံး (၁၀) အိတ်၊ ဆပ်ပြာ (၇၁၇)ခဲ၊ လက်သန့်ဆေးရည် (၃၀၈)ဘူး၊ အ၀တ်နှာခေါင်းစည်း (၁၄၃၄)ခု၊ အပူချိန်တိုင်းကိရိယာ(၂)ခုနှင့် ဗွီနိုင်း(၁)ခုတို့ကိုလည်းကောင်း (၂၃-၅-၂၀၂၀) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#kcn_may2020

Source:           ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events