လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၂၄-၅-၂၀၂၀) ရက်နေ့၊ (၀၇:၀၀) နာရီအချိန်မှ (၀၉:၀၀) နာရီအချိန်အထိ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ မင်းဘူးမြို့၊ အဝိုင်းပတ်၌ နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းမရှိဘဲ ယာဉ်များ တွင် လိုက်ပါလာသော ခရီးသွားပြည်သူများအား ဒဏ်ငွေပေးဆောင်စေခြင်း၊ Mask တပ်ဆင်စေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mgy_may2020
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ)