လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးနှင့်အတူ မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်၊ မဟာမိတ်လမ်း၌ (၂၃-၅-၂၀၂၀) ရက်နေ့၊ (၁၈:၅၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ပျက်စီးနေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၃၇,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ထောင်စု (၃) စုစာနှင့် ဘေးသင့်လူဦးရေ (၁၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၃၇,၈၀၀/-) ကျပ်တို့ကို (၂၄-၅-၂၀၂၀)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#mon_may2020
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)