COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၃-၅-၂၀၂၀) ရက်နေ့တွင် မိုးမိတ်မြို့၊ အ.ထ.က(၁)ကျောင်း Quarantine Center ၌ရှိသည့် ပြည်‌ပမှပြန်လည်ရောက်ရှိသူ (၂၁)ဦးတို့အတွက် စိတ်ဖိစီးမှု့လျော့နည်းနိုင်ရန်၊ စိတ်အပန်းပြေနိုင်ရန်နှင့် COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန်အချက်များ အသိပညာပေးခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#shn_may2020

Source:           မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events