Author Archives: Department of Disaster Management

  • Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၄.၆.၂၀၂၀)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ပခပ်ကျေးရွာ၊ ဝကုန်းကျေးရွာတို့တွင် hand speaker တို့ဖြင့် (Covid-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်း၊ အသိပညာပေး ဗီနိုင်းပိုစတာများကပ်ခြင်းနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်းများဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #tny_jun2020 Source:           တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာ၍ ထပ်တိုး ရောက်ရှိခိုလှုံနေထိုင်လျက်ရှိသည့် စစ်တွေမြို့နယ်အတွင်း တိုက်ပွဲရှောင်စုရပ်(၃)ခုမှ စုစုပေါင်း တိုက်ပွဲရှောင် အိမ်ထောင်စု(၂၉)စု၊ လူဦးရေ(၁၀၄)တို့အတွက် ဆန်ရိက္ခာဖိုးငွေ(၂)ပတ်စာ (၄၃၆၈၀၀ိ/-)အား (၄-၆-၂၀၂၀)ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr #rke_jun2020

  • မိုးကြိုဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂-၆-၂၀၂၀) ရက်နေ့၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ လယ်သမားမြန်မာအုပ်စု၊ နှမ်းကုန်းကျေးရွာတွင် ဖြစ်ပွားသော မိုးကြိုးဘေးကြောင့် သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ရန်ပုံငွေ (၃၀၀,၀၀၀ိ/-) ကျပ်ကို (၄-၆-၂၀၂၀) ရက်နေ့၊ (၁၂:၄၀)နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူ ကျန်ရစ်သူမိသားစုထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_tls #ayy_jun2020

  • မိုးကြိုးဘေးသင့် ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ (၃.၆.၂၀၂၀)နေ့ မြိတ်မြို့နယ်၊ မြိတ်လေတပ်စခန်းဌာနချုပ်၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးမှ သေဆုံးသူ(၅)ဦးအတွက် ထောက်ပံ့ငွေ (၁၅၀၀၀၀၀)ကျပ်၊ ဒဏ်ရာရသူ(၇)ဦးအတွက် ဆေးကုသစရိတ် (၃၅၀၀၀၀)ကျပ်အား (၄.၆.၂၀၂၀)နေ့ နံနက် (၁၁:၃၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_tls #tny_jun2020 Source:           မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေပြင်းဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယားပြည်နယ်၊ လွိုင် ကော်ခရိုင်၊ ရှားတောမြို့နယ်၊ မြောက်ပိုင်းကျေးရွာအုပ်စု၊ မြောက်ပိုင်းစုစည်းကျေးရွာ၌ (၂-၆-၂၀၂၀) ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ်(၁) လုံး အမိုးလန် ပျက်စီးခဲ့ရာ အိမ်ထောင်စု(၁) စု၊ လူဦးရေ(၁) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀,၀၀ဝ/-) ကျပ် နှင့် ဆန်ရိက္ခာဖိုး (၇) ရက်စာထောက်ပံ့ငွေ (၂,၁၀ဝ/-) ကျပ်၊ ထောက်ပံ့ငွေ စုစုပေါင်း(၆၂,၁၀ဝ/-) ကျပ်ကို (၄-၆-၂၀၂၀) ရက်နေ့ … Read more

  • လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၆-၂၀၂၀) ရက်နေ့တွင် မ​ကွေးဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်း၌ ဖြစ်ပွားသော လေဘေးကြောင့် အမိုးလန်နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀,၀၀၀ိ/-)ကျပ်နှင့် လူဦးရေး(၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၀,၅၀၀ိ/-)ကျပ်တိတိအား သက်ဆိုင်ရာတာဝန်ရှိသူများ ရှေ့မှောက်နှင့် ဘေးသင့်ပြည်သူများလက်ဝယ်သို့(၄-၆-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #mgy_jun2020  

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၆-၂၀၂၀)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပြန်ဆက်ဦးစီးမှူး၊ မြို့နယ်တိကု ဦးစီးမှူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မိုင်းဖြတ်မြို့နယ်၊‌ ဈေးတန်းရပ်ကွက်ရှိ အိမ်ထောင်စု(၂၇၄)စုတို့အတွက် သောက်သုံးရေဂါလန် (၁၂၀၀)ပါရေကား(၁)စီးနှင့် နံနက်(၁၀:၀၀) နာရီအချိန်တွင် နားမွန်းကျေးရွာရှိအိမ်ထောင်စု (၈၆)စုတို့အတွက် သောက်သုံးရေ ဂါလန် (၁၂၀၀)ပါရေကား(၁)စီးတို့အား သွားရောက် ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: : မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #shn_jun2020

  • မီးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၆-၂၀၂၀)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း၌ ဖြစ်ပွားသော မီးဘေးကြောင့် ပျတ်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေး(၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၀,၅၀၀ိ/-)ကျပ်တိတိအား ပြည်သူလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : ပြင်ဦးလွင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #mdy_jun2020

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၆-၂၀၂၀) ရက်နေ့၊ (ဝ၇:၀၀) နာရီမှ (၀၉:၀၀) နာရီအချိန်ထိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ COVID-19 ရောဂါကာကွယ်ရေးအတွက်မင်းဘူးမြို့၊ အဝိုင်းပတ်၌ ပါးစပ်၊ နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းမရှိဘဲ ယာဉ်များဖြင့် စီးနင်းလိုက်ပါလာသော ခရီးသွားပြည်သူများအား ဒဏ်ငွေပေးဆောင်စေပြီး Mask တပ်ဆင်စေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_jun2020

Sign Up

Upcoming Events