Author Archives: Department of Disaster Management
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၆-၂၀၂၀) ရက်နေ့တွင် ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ ရေလယ်ကျွန်းအုပ်စု၊ တဲတန်းကျေးရွာတွင် ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းရသော အိမ်ခြေ(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ(၆၀၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၂၂) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ(၄၆၂၀၀ိ/-)ကျပ် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၆၄၆၂၀၀/-)ကျပ်ကို (၁၀-၆-၂၀၂၀) ရက်နေ့ (၁၆း၀၀)နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ ကမ်းပြိုဘေးသင့် ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_ rbe #ayy_jun2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၆-၂၀၂၀)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးကျေးရွာ၊ ရာမ္မဇူကျေးရွာနှင့် လိပ်ကြယ်ပြောင်ကျေးရွာတို့တွင် hand speaker တို့ဖြင့် (Covid-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည်ကြေညာခြင်း၊ အသိပညာပေး ဗီနိုင်းပိုစတာများ ကပ်ခြင်းနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်းများဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #tny_jun2020
-
COVID 19 အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် ( ၁၀-၆-၂၀၂၀)ရက်နေ့ နံနက်(၈:၀၀) နာရီအချိန်မှ (၉:၄၀) နာရီအချိန်အထိ မာန်အောင်မြို့နယ်အတွင်းရှိ မြို့မစျေး နှင့်ပြန်ကျစျေးတို့တွင် COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရန် လက်ကမ်းစာစောင်များ ဖြန့်ဝေ ခြင်း လိုက်လံနှိုးဆော်ခြင်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #rke_jun2020 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၆-၂၀၂၀) ရက်နေ့၊ (၁၅:၂၅) နာရီအချိန်၌ လှိုင်းဘွဲမြို့နယ်၊ ကွမ်တာကျေးရွာအုပ်စု၊ ရှမ်းရွာကျေးရွာတွင် သွပ်မိုး၊ ပျဉ်ကာ၊ အုတ်ညှပ်(၂)ထပ် နေအိမ်(၁)လုံးနှင့် သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း(၁)ထပ် နေအိမ် (၂) လုံး၊ စုစုပေါင်း နေအိမ်(၃)လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု(၃)စုမှ လူဉီးရေ (၂၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ အိမ်ထောင်စု(၃)စုစာ၊ ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ဖိုးငွေ (၄၆,၂၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၆၀၀,၀၀၀/-) ကျပ်၊စုစုပေါင်း(၆၄၆,၂၀၀/-) ကျပ်အား (၁၀-၆-၂၀၂၀)ရက်နေ့၊ … Read more
-
ကမ်းပြိုဘေး ကြိုတင်ပြောင်းရွှေ့နေအိမ်များအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ (၆-၆-၂၀၂၀)ရက်နေ့တွင် ကသာမြို့နယ်၊ ပုလွှေရွှေကျေးရွာအုပ်စု၊ သစ်ဖြူကုန်းကျေးရွာနှင့် ရေလယ်ကျွန်းကျေးရွာတွင် ဧရာ၀တီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ အိမ်ထောင်စု(၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀)ကျပ် နှင့် လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈၉၀၀)ကျပ်၊ စုစုပေါင်း (၂၁၈၉၀၀)ကျပ် တို့ကို (၉-၆-၂၀၂၀)ရက် (၁၆း၀၀)နာရီတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #sgg_jun2020 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၀-၆-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ(အရှေ့ပိုင်း)၊ အောင်ချမ်းသာကွက်သစ်နှင့် ဦးကျော်စိန်(တဲတိုက်) ရှိ အိမ်ခြေ (၁၀၆) လုံး၊ အိမ်ထောင် စု(၁၁၇) စု၊ လူဦးရေ (၅၃၂) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_drg #mgy_jun2020
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၆-၂၀၂၀)ရက်နေ့၊ (၁၅း၃၀) နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်း ကျေးရွာအုပ်စု၊ သဲကျွန်းကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးလောင်မှုကြာင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-) ကျပ်၊ ဘေးသင့်လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄,၇၀ဝိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ( ၃၁၄,၇၀ဝိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၂)အိမ်ထာင်စာတို့အား (၁၀-၆-၂၀၂၀)ရက်နေ့၊ (၁၀း၁၅) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း … Read more
-
Covid -19 ကြိုတင်ကာကွယ်ရေး ဆပ်ပြာခဲများ ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၆-၂၀၂၀)ရက်နေ့တွင် Covid-19 နှင့်ပတ်သက်၍ မြစ်ကြီးနားမြို့နယ်ရှိ၊ တပ်ကုန်းဂါလိလဲ၊ တပ်ကုန်းနှစ်ခြင်း၊ တပ်ကုန်းအင်ဂျန်ဒုံနှစ်ခြင်း စခန်းတို့အား ဆပ်ပြာ(၉၆)ခဲပါ (၄)ဖာစီ သွားရောက်ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_jun2020 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပြန်လည်ထူထောင်ရေးကာလတွင် ကျား/မရေးရာအမြင် ပါဝင်ဆောင်ရွက်ရေးအတွက် အာရှ-ပစိဖိတ်နိုင်ငံများ၏ အတွေ့အကြုံဖလှယ်ရေး ဝန်ကြီးအဆင့် စကားဝိုင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ပါဝင်ဆွေးနွေး မှုသတင်း
နေပြည်တော်၊ ဇွန် (၉) လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သောအဖွဲ့သည် ယနေ့ဘန်ကောက်စံတော်ချိန် (၉)နာရီခွဲမှ (၁၁)နာရီခွဲအတွင်း The United Nations Entity for Gender Equality and the Empowerment of Women (UNWOMEN) အဖွဲ့က ကျင်းပပြုလုပ်သည့် “Towards Gender-Responsive COVID-19 Recovery: Experiences from Asia and the Pacific” ခေါင်းစဉ်ဖြင့် ဝန်ကြီးအဆင့် စကားဝိုင်းဆွေးနွေးပွဲ (Virtual Ministerial … Read more
-
ရခိုင်ပြည်နယ်ရှိ IDP စခန်းများနှင့် ယာယီတိုက်ပွဲရှောင်စခန်းများ၌ COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိမှုသတင်း
နေပြည်တော်၊ ဇွန် ၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင်နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများ အား COVID – 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်း များကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါသည်။ ယနေ့တွင်ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိငှက်ချောင်း၊ ကြိမ်နီပြင် ၊အနောက်ရဲ IDP စခန်းစုစုပေါင်း(၃)ခုနှင့်ဘူးသီးတောင်မြို့နယ်ရှိ ရန်အောင်မြေဘုန်းကြီးကျောင်း၊ လမ်းမ ဘုန်းကြီးကျောင်း၊ မြတောင်ဘုန်းကြီးကျောင်း၊ ဂန္ဓာရီပရဟိတဘုန်းကြီးကျောင်း၊ မြောင်းနား တိုက်ပွဲရှောင်စခန်း စုစုပေါင်းတိုက်ပွဲရှောင်စခန်း(၅)ခုသို့ သွားရောက်၍ ဆပ်ပြာ … Read more
