ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၆-၂၀၂၀) ရက်နေ့တွင် ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ ရေလယ်ကျွန်းအုပ်စု၊ တဲတန်းကျေးရွာတွင် ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းရသော အိမ်ခြေ(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ(၆၀၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၂၂) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ(၄၆၂၀၀ိ/-)ကျပ် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၆၄၆၂၀၀/-)ကျပ်ကို (၁၀-၆-၂၀၂၀) ရက်နေ့ (၁၆း၀၀)နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ ကမ်းပြိုဘေးသင့် ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_ rbe
#ayy_jun2020

Sign Up

Upcoming Events