ရခိုင်ပြည်နယ်ရှိ IDP စခန်းများနှင့် ယာယီတိုက်ပွဲရှောင်စခန်းများ၌ COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိမှုသတင်း

နေပြည်တော်၊ ဇွန် ၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင်နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများ အား COVID – 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်း များကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါသည်။
ယနေ့တွင်ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိငှက်ချောင်း၊ ကြိမ်နီပြင် ၊အနောက်ရဲ IDP စခန်းစုစုပေါင်း(၃)ခုနှင့်ဘူးသီးတောင်မြို့နယ်ရှိ ရန်အောင်မြေဘုန်းကြီးကျောင်း၊ လမ်းမ ဘုန်းကြီးကျောင်း၊ မြတောင်ဘုန်းကြီးကျောင်း၊ ဂန္ဓာရီပရဟိတဘုန်းကြီးကျောင်း၊ မြောင်းနား တိုက်ပွဲရှောင်စခန်း စုစုပေါင်းတိုက်ပွဲရှောင်စခန်း(၅)ခုသို့ သွားရောက်၍ ဆပ်ပြာ (၅,၇၆၄)တောင့်၊ Surgical Mask (၂,၀၂၆) ခု ၊ အဝတ်Mask(၁၂,၃၅၆)ခု၊လက်သန့်ဆေးရည် (၇,၇၈၁)ဗူး၊ လက်ဆေးစင် (၉၀)ခု၊ ထုံး(၈၀) အိတ်၊ ဗီနိုင်း(၂၀)ခု၊ အပူချိန်တိုင်းကိရိယာ (၃)ခု၊ Hand Speaker (၂)ခုနှင့် COVID-19 အသိပညာပေး အသံဖိုင်ထည့်သွင်းထားသော Memory Stick (၂)ခုတို့အားသွားရောက် ထောက်ပံ့ခဲ့ပါသည်။
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်း များအပြင် အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများနှင့် စိတ်ဓါတ် ရေးရာမြှင့်တင်ပေးမှုဆိုင်ရာ လုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Source: MSWRR

#ha_otr
#rke_jun2020

Sign Up

Upcoming Events