Author Archives: Department of Disaster Management
-
Covid-19 ကူးစက်ရောဂါ၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးတို့နှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဉီးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၇-၂၀၂၀) ရက်နေ့၊ (၁၀:၃၀)နာရီမှ (၁၄:၃၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ စျေးမသွယ် အောက်ကျေးရွာနှင့် အင်းဝိုင်းကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်း စာစောင်ဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jul2020 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မြေစာပုံပြိုကျမှုဖြစ်စဉ်နှင့်ပတ်သက်၍ ကနဦးအခြေအနေများကို စိစစ်လေ့လာခြင်းနှင့် ပံ့ပိုးကူညီမှုများပေးခြင်းများကို ပြည်ထောင်စုဝန်ကြီးများဆောင်ရွက်
ဇူလိုင် ၃ရက်၊ မြစ်ကြီးနား ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၌ (၂-၇-၂၀၂၀)နေ့၊ နံနက်(၀၇:၀၀)နာရီဝန်းကျင်အချိန်ခန့်တွင် မြေစာပုံပြိုကျမှုဖြစ်စဉ်ဖြစ်ပွားခဲ့ရာ ကချင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့အောက်ရှိ ဖားကန့်မြို့နယ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းအဖွဲ့ဝင်များ၊ တပ်မတော်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများနှင့် ပြည်သူများပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ကိုဆောင်ရွက်ခဲ့ရာ ယနေ့ညနေအထိ သေဆုံးသူ ရုပ်အလောင်း (၁၇၂)လောင်း ရှာဖွေတွေ့ရှိခဲ့ပြီး ဒဏ်ရာရရှိသူ ကျား(၄၃)ဦးကို ရှာဖွေကယ်ဆယ်ခဲ့ပါသည်။ သေဆုံးသူများကိုစိစစ်ခြင်းနှင့် မိသားစုဝင်များနှင့် ဆက်သွယ်ဆောင် ရွက်ခြင်း၊ သေဆုံးသူများကို သင်္ဂြိုလ်ခြင်း၊ ဒဏ်ရာရရှိသူများကို … Read more
-
တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃-၇-၂၀၂၀) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်း၌ အိမ်ထောင်စု(၁)စု လူဦးရေ(၅)ဦး၊ ဓမ္မမဏ္ဍိုင်ဘုန်းတော်ကြီး၌ အိမ်ထောင်စု (၉) စု၊ လူဦးရေ (၅၇) ဦး၊ စက်မှုဇုန်မြေနေရာစခန်း၌ အိမ်ထောင်စု(၅၁)စု၊ လူဦးရေ(၁၇၉)ဦး ထပ်တိုးရောက်ရှိလာသည့် တိုက်ပွဲရှောင်ပြည်သူများ အတွက် ဆန်ရိက္ခါ (၂) ပတ်စာအတွက် (၃၅) အိတ် (၃) ပြည် (၄) ဗူးအားလည်းကောင်း အောင်ဖြူပြင်ကျေရွာဘုန်းတော်ကြီးကျောင်း၌ အိမ်ထောင်စု(၄၆)စု၊ လူဦးရေ(၂၃၅)ဦး၊ သရက်ချိုကျေးရွာဘုန်းတော်ကြီးကျောင်း၌ အိမ်ထောင်စု(၆၄)စု၊ လူဦးရေ(၃၄၆)ဦး၊ ပန်းနီလာကျေးရွာဘုန်းတော်ကြီးကျောင်း၌ … Read more
-
(Covid-19) ရောဂါ၊ မိုးကြိုး၊ ရေဘေးတို့နှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
(၃-၇-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများသည် ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ ရွာမ(အရှေ့) ရပ်ကွက်၊ ရွာမ(အလယ်)ရပ်ကွက်၊ ဖေါ့ကန်ရပ်ကွက်၊ စဉ့်ငူရပ်ကွက်၊ အောင်ဆန်းရပ်ကွက်၊ ဒညှင်းကုန်းရပ်ကွက်တို့တွင် (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောအသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေးနှင့် စပ်လျဥ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ အချက်အလက်များ၊ သဘာဝဘေး အသိပညာပေးခြင်းအား ရပ်ကွက်များအတွင်း အသိပေးကြော်ငြာခြင်းများ ပြုလုပ်ခဲ့ကြောင်း … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၃-၇-၂၀၂၀)ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်အထိ လပွတ္တာမြို့နယ်၊ ကြိမ်ကုန်းကြီး ကျေးရွာအုပ်စုအတွင်းရှိ ရွှေပြည်သာကျေးရွာ၊ ပေချောင်းကျေးရွာ၊ ကုန်းတန်းကြီးကျေးရွာ၊ ပေါ်တော်မူ ကျေးရွာနှင့် တောင်ယာကွင်းကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းတို့ကို Loud Speaker ဖြင့်လှည့်လှည်အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2020 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သရက်ခရိုင်အတွင်း သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်အတွင်း နွေရာသီရေရှားပါး ပြတ်လပ်လျက်ရှိသည့် ပြရေကျေးရွာအုပ်စု၊ ဝက်သားစားကျေးရွာရှိ အိမ်ခြေ (၅၇) လုံး၊ အိမ်ထောင်စု (၅၅) စု၊ လူဦးရေ (၂၂၅) ဦးတို့အတွက် (၃-၇-၂၀၂၀) ရက်နေ့၌ သောက်သုံးရေဂါလန် (၃,၂၀၀) ကို သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_drg #mgy_jul2020 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၇-၂၀၂၀) ရက်နေ့တွင် ကသာမြို့နယ်၊ ပုလွှေရွှေကျေးရွာအုပ်စု၊ ရေလည်ကျွန်းကျေးရွာ၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စု (၄) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀)ကျပ် နှင့်ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၈,၃၀၀) ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၄၄၈,၃၀၀) ကျပ်တို့ကို (၂-၇-၂၀) ရက်နေ့ (၁၅:၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe … Read more
-
ရေဘေးနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၇-၂၀၂၀) ရက်နေ့ ညနေ ပိုင်းတွင် ကသာမြို့၏ ဧရာဝတီမြစ်ရေသည် (၉၀၆) စင်တီမီတာသို့ ရောက်ရှိနေပါသဖြင့် ကမ်းနား တလျှောက်နေပြည်သူများအား ရေဘေးနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရန်များ လှည့်လည် အသိပေးခြင်း၊ ရေဘေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_jul2020 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေးသင့်ပြည်သူအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ကပိုင်ကျေးရွာအုပ်စု၊ ပေါင်းဝကျေးရွာ၊ တောင်အင်းတော၌ (၁-၇-၂၀၂၀)ရက်နေ့၊ (၁၇:၃၀)နာရီ အချိန်တွင် ဖြစ်ပွားခဲ့သော မိုးကြိုးထိမှန်မှုကြောင့် သေဆုံးသူ (၁) ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်ကို (၃-၇-၂၀၂၀)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် ကျန်ရစ်သူမိသားစုထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #sgg_jul2020 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
(Covid-19) ရောဂါ၊ မိုးကြိုး၊ ရေဘေးတို့နှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
(၂-၇-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်း များသည် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁/၂/၃/၄/၅) ရပ်ကွက်တို့တွင် (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက် များနှင့် မိုးကြိုးဘေး၊ ရေဘေးနှင့်စပ်လျဥ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါအချက်အလက်များ၊ သဘာဝဘေး အသိပညာပေးခြင်းတို့ကို ရပ်ကွက်များအတွင်း အသိပေး ကြော်ငြာခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ygn_jul2020 Source: … Read more
