Author Archives: Department of Disaster Management
-
သဘာဝဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၇-၂၀၂၀) ရက်နေ့ မြန်အောင်မြို့နယ်၊ အင်ပင်မြို့၊ အမှတ်(၁/၂/၃/၄) ရပ်ကွက်နှင့် စမ်းကျေးရွာအုပ်စုတို့တွင် (၀၈:၀၀)နာရီအချိန်မှ (၁၁:၃၀)နာရီအချိန်ထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် (ဒုတိယအကြိမ်) အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၁၄-၇-၂၀၂၀)ရက်နေ့အထိ ထုတ်ပြန် ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွန်ကြားချက်အားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့်သဘာဝဘေးအသိပညာပေးခြင်းတို့အားလည်းကောင်း၊ အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လှည် ၍ အသိပညာပေးလုပ်ငန်းများပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
ရေဘေးအန္တရာယ်နှင့် မြေပြိုဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၇-၂၀၂၀) ရက်နေ့တွင် လောင်းလုံးမြို့နယ်အတွင်းရှိ ကျောက်နီမော် ကျေးရွာ၊ ကျောက်မတ္တပ်ကျေးရွာနှင့် ကြက်လွတ်ကျေးရွာများရှိ အများပြည်သူများထံသို့ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် တောင်ပြိုခြင်း၊ မြစ်ကမ်းပါးပြိုခြင်းစသည့် ဘေးအန္တရာယ်များအတွက် ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ခြင်း၊ ဘေးအန္တရာယ် ဖြစ်ပွားလာပါက လိုက်နာဆောင်ရွက်ရန်အချက်များ ရှင်းလင်းဆွေးနွေးခြင်း၊ မြေပြိုဘေး ဖြစ်ပွားနိုင်သော နေရာများ ကွင်းဆင်းကြည့်ရှုခြင်း၊ အနီးပတ်ဝန်းကျင်ရှိ လူနေအိမ်များရှိ ပြည်သူများအား မြေပြိုဘေးနှင့်ပတ်သက်၍ အသိပညာပေး ပြောကြားခြင်း နှင့် ရေဘေးနှင့် မြေပြိုဘေးလက်ကမ်း စာစောင်များ ဝေငှခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း … Read more
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အမ်းမြို့နယ်အတွင်း တိုက်ပွဲရှောင်စုရပ်(၁)ခု၊ ရပ်ကွက်(၉)ခုနှင့် ကျေးရွာ (၆)ရွာသို့ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လျက်ရှိသော တိုက်ပွဲရှောင်အိမ်ထောင်စု(၃၂၅)စု၊ လူဦးရေ(၁၅၇၉)ဦးအတွက် ဆန်ရိက္ခာ (၂)ပတ်စာဖိုးထောက်ပံ့ငွေ (၆၆၃၁၈၀၀/-)ကျပ်အား (၃၁-၇-၂၀၂၀)ရက်နေ့ ညနေ(၁၆း၄၅) အချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ထံသို့လွဲပြောင်းသွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr #rke_aug2020
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တာဝန်ရှိသူများသည် အမ်းမြို့နယ်အတွင်း စျေးတောင်ရပ်ကွက်နှင့် မိုးလုံ လေလုံအားကစားခန်းမရှိ တိုက်ပွဲရှောင်အိမ်ထောင်စု (၃၆၁)စု၊ လူဦးရေ(၁၃၅၃)ဦးအတွက် ဆပ်ပြာ(၁၃၅၃)တောင့်၊ထုံး(၅ ပိဿာပါ) (၃၀) အိတ်အား တိုက်ပွဲရှောင်ပြည်သူများထံ လက်ဝယ်အရောက်သွားရောက်၍လည်းကောင်း၊ တိုက်ပွဲရှောင်စုရပ် (၅)ခုရှိ အိမ်ထောင်စု(၁၇၉)စု၊ လူဦးရေ(၈၇၂)ဦးအတွက် ဆပ်ပြာ(၈၇၂)တောင့်၊ ထုံး(၅ ပိဿာပါ) (၁၀)အိတ်အား (၃၁-၇-၂၀၂၀) ရက်နေ့ (၁၂း၃၀)အချိန်တွင် အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်း၍ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr #rke_aug2020
-
ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညိုမြို့နယ်၊ ရေကင်း ကျေးရွာအုပ်စု၊ ရေကင်းကျေးရွာတွင် (၃၁-၇-၂၀၂၀) ရက်နေ့၌ ဧရာဝတီမြစ်ရေဝင်ရောက် မှုကြောင့် ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စု (၁၀) စုမှ လူဦးရေ (၄၆) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာထောက်ပံ့ငွေ (၉၆၆၀၀/-)ကျပ်၊ အိမ်ထောင်စု (၁၀) စု အတွက် ဆပ်ပြာ (၁၀) တောင့်နှင့် လူဦးရေ (၄၆) ဦးအတွက် (၁) ဦးလျှင် Surgical … Read more
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ ရောဘတ်IDPစခန်းမှ အိမ်ထောင်စု(၂)စု၊ လူဦးရေ (၁၅)ဦးနှင့် မံစီမြို့နယ်၊ မိုင်းခေါင်IDPစခန်းမှ အိမ်ထောင်စု(၂၆)စု၊ လူဦးရေ(၁၁၇)ဦး၊ စုစုပေါင်းအိမ်ထောင်စု(၂၈)စု၊ လူဦးရေ(၁၃၂)ဦး တို့သည် ၎င်းတို့မူလနေရပ်ဖြစ်သော မခေါယန်ကျေးရွာသို့ ပြောင်းရွှေ့ခဲ့ပြီး၊ ပြောင်းရွှေ့ အိမ်ထောင်စု(၂၈)စုလူဦးရေ(၁၃၂)ဦးတို့ အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါပုံး(၂၈)ပုံး၊ (ဆန်၊ဆီ၊ဆား၊ပဲ)(၁)လစာ၊ ပြောင်းရွှေ့ စရိတ်(၁)အိမ်ထောင်(၁၀၀၀၀၀/-) နှုန်းဖြင့်(၂၈၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၄၄၁၆၉၀၀/-)တို့ကို (၃၁-၇-၂၀၂၀)ရက်နေ့(၁၀:၃၀)နာရီအချိန်တွင် မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr … Read more
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၆-၇-၂၀၂၀) ရက်နေ့၊ (၁၂:၃၀)နာရီအချိန်၌ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ဂွေးကုန်းကျေးရွာအုပ်စု၊ ခင်တန်းကြီးကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးမှ တစ်စိတ်တစ်ပိုင်းပျက်စီး ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်အား (၃၁-၇-၂၀၂၀)ရက်နေ့၊ နေ့လည် (၁၂:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး လက်၀ယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_jul2020 Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
စက်ရေတွင်းအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့် သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၇-၂၀၂၀) ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် သထုံမြို့နယ်အတွင်းရှိ ပိန္နဲတော(အောက်ရွာ) လေးတိုင်ကျေးရွာ၊ နောင်ကုလားရွာကြီးကျေးရွာနှင့် မြေနီကုန်းကျေးရွာတို့တွင် တစ်ရွာလျှင် စက်ရေတွင်း (၁)တွင်းစီဖြင့် စုစုပေါင်း(၄)တွင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်ရန် စုစုပေါင်းထောက်ပံ့ငွေ (၂၅၈၀၀၀၀၀/-)ကျပ်အား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_drg #mon_jun2020
-
မိုးကြီးမည့်သတိပေးချက်
(၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ (၃၁) ရက်၊ မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) =============================================== မိုးကြီးမည့်သတိပေးချက်အမှတ်စဉ်(၀၁/၂၀၂၀) (က) ယနေ့မြန်မာစံတော်ချိန်(၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များ အရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်း မုန်တိုင်းငယ်၏ အကြွင်းအကျန် တိမ်တိုက်များ ဖြတ်သန်းလာနိုင်မှု ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အား အလွန်ကောင်းလာ နိုင်ခြင်းတို့ကြောင့်လည်းကောင်း၊ (၃.၈.၂၀၂၀) မှ(၈.၈.၂၀၂၀)ရက်နေ့အတွင်း ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် … Read more
-
COVID-19 ကူးစက်မှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၇-၂၀၂၀)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်မှ(၁၄:၀၀)နာရီအချိန်ထိ ကျိုက်မရောမြို့နယ်၊ ကျုံမနင်းကျေးရွာ၊ ကျုံဝမ်း ကျေးရွာနှင့် ကျိုက်ပရန်ကျေးရွာတို့တွင် COVID-19 ကူးစက်မှုမဖြစ်ပွားစေရန် ကြိုတင်ကာ ကွယ်ရေး အသိပညာပေးခြင်းနှင့် မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တာရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်း တို့အား ပြုလုပ်ခဲ့ပြီး ကျေးရွာနေပြည်သူများအား လက်ကမ်းစာစောင်များဖြန်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_jul2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
