Author Archives: Department of Disaster Management
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၂၀) ရက်နေ့ လေးမျက်နှာမြို့နယ်၊ စာရေးကွင်းအုပ်စု၊ စာရေးကွင်း ကျေးရွာ၊ ကျုံပိကျေးရွာနှင့် စစ်ကုန်းကျေးရွာတို့တွင် နံနက် (၀၈:၀၀)နာရီအချိန်မှ (၁၁:၃၀)နာရီအချိန်ထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၁၄-၇-၂၀၂၀)ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွန်ကြားချက်အားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်သည့် အသိပညာပေးခြင်းတို့အား ကွင်းဆင်း လှည့်လှည်၍ အသိပညာပေးလုပ်ငန်းများ … Read more
-
ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ မအူအောက်ဆိပ်ကျေးရွာအုပ်စု၊ မအူငယ်ကျေးရွာတွင် (၁၄-၈-၂၀၂၀)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်၌ ချင်းတွင်းမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့လူနေအိမ် (၁)လုံး၊ အိမ်ထောင်စု(၁)စု၊လူဦးရေ(၅)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၀,၅၀ဝ/-)ကျပ်တို့အား(၁၇-၈-၂၀၂၀)ရက် နေ့၊(၁၄:၀၀)နာရီအချိန်တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၌ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_aug2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၂၀)ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ တောင်ရွာနောင်ကျေးရွာအုပ်စု၊ တောင်ရွာနောင်(တ) ကျေးရွာ၌ ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွေ့ရသော နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုးပါ (၁)အိမ်ထောင်စာတို့ကို (၁၇-၈-၂၀၂၀)ရက်နေ့ (၁၅:၀၀)အချိန်တွင် ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရှေ့မှောက်တွင် ဘေးသင့်ပြည်သူ၏ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #mdy_aug2020
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ ကြိုပင်ကောက်မြိုနယ်၊ ရှားပင်ထကျေးရွာအုပ်စု၊ ရောက် ချောင်းကျေးရွာနှင့် ပန်းတင်ရပ်ကွက်တို့တွင် (၁၄-၈-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၁၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၂၀,၀၀၀/-)ကျပ်အား(၁၇-၈-၂ဝ၂၀)ရက်နေ့၊ (၁၃:၀၀) နာရီအချိန်ခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ ထွေအုပ်အစည်းအဝေးခန်းမတွင် တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်ထွေအုပ်မှတာဝန်ရှိသူများ၊ ကျးရွာအုပ်ချုပ်ရေးမှူးများနှင်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှပါသည်။ #ha_sgw #bgo_aug2020 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မြစ်ရေကြီးခြင်းသတိပေးချက်
ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ် ရေသည် ခန္တီးမြို့တွင် (၃)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်တွင် ရောက် ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ် ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ် ရေသည် မော်လိုက်မြို့တွင် (၃)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ခန္တီးမြို့နယ်နှင့် မော်လိုက်မြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင် သူများအနေဖြင့် … Read more
-
မြစ်ရေကြီးမှုအခြေအနေသတင်း
ချင်းတွင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ************************************************** ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ် ရေသည် ဟုမ္မလင်းမြို့တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေ သည် လက်ရှိရေမှတ်မှ နောက် (၂)ရက်အတွင်း ပေဝက်ခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ် ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ် ရေသည် ဖောင်းပြင်မြို့တွင် (၁)လက်မခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် လက်ရှိရေမှတ်မှ နောက် (၃)ရက်အတွင်း … Read more
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၅၀) နာရီအချိန်တွင် အမ်းမြို့နယ်အတွင်း တိုက်ပွဲရှောင်စုရပ်(၁၂)ခုရှိ အိမ်ထောင်စု(၉၂၇)စု၊ လူဦးရေ(၄၁၂၃)ဦးအတွက် ဆန်ရိက္ခာ (၃) လစာဖိုးထောက်ပံ့ငွေ (၁၁၁,၃၂၁,၀၀ဝိ/-)ကျပ်အား အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ် ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_aug2020 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်မခမြစ်ရေတိုက် စားပြီးကမ်းပြိုမှုကြောင့် သာယာဝတီမြို့နယ်၊ မြစ်ကျိုးကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၌ (၁၄-၈-၂၀၂၀) ရက်နေ့တွင် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့နေအိမ်(၃) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁၂) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ ငွေ(၂၅၂,၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၂၅,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၁) မျိုးပါ အိပ်ထောင်စု (၃) စုတို့အား (၁၇-၈-၂၀၂၀) ရက်နေ့ (၉:၀၀) နာရီအချိန်တွင် သာယာ … Read more
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့နယ်၊ လီဆူ IDPs စခန်းမှ အိမ်ထောင်စု(၁၁၃)စု လူဦးရေ(၆၄၅)ဦးအတွက် paris ဆပ်ပြာ (၆၄၅)ခဲ နှင့် ထုံးအိတ်(၁၀)အိတ်အားလည်းကောင်း၊ AD2000 IDPs စခန်းမှ အိမ်ထောင်စု(၁၆၆)စု လူဦးရေ(၇၈၇)ဦးအတွက် paris ဆပ်ပြာ (၇၈၇)ခဲ နှင့် ထုံးအိတ်(၁၀)အိတ်အားလည်းကောင်း၊ ရောဘက် စခန်းမှ အိမ်ထောင်စု (၆၂၈)စု၊ လူဦးရေ (၃၉၅၅)ဦးအတွက် ဆပ်ပြာ(၃၉၅၅)နှင့်ထုံး(၁၀)အိတ်အားလည်းကောင်း၊ ထွယ်ဆန်စခန်းမှ အိမ်ထောင်စု(၃၇)စု လူဦးရေ(၂၁၆)ဦးအတွက် paris ဆပ်ပြာ (၂၁၆)ခဲနှင့် … Read more
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၈-၂၀၂၀) ရက်နေ့ ၊ (၁၀:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ တူးမြောင်းကျေးရွာ၊ ကျုံပေါကျေးရွာနှင့် ပေါ့ထော်ကျေးရွာတို့တွင် COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်း များဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2020 Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
