လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေ‌သကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ ကြိုပင်ကောက်မြိုနယ်၊ ရှားပင်ထကျေးရွာအုပ်စု၊ ရောက် ချောင်းကျေးရွာနှင့် ပန်းတင်ရပ်ကွက်တို့တွင် (၁၄-၈-၂၀၂၀) ရက်‌နေ့တွင် ဖြစ်ပွားခဲ့‌သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၁၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၂၀,၀၀၀/-)ကျပ်အား(၁၇-၈-၂ဝ၂၀)ရက်နေ့‌၊ (၁၃:၀၀) နာရီအချိန်ခန့်တွင် ကြို့ပင်‌ကောက်မြို့နယ်၊ ထွေအုပ်အစည်းအဝေးခန်းမတွင် တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်ထွေအုပ်မှတာဝန်ရှိသူများ၊ ကျးရွာအုပ်ချုပ်‌ရေးမှူးများနှင်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့‌ခဲ့ပါကြောင်း သတင်းရရှပါသည်။

#ha_sgw

#bgo_aug2020

Source: ပဲခူးတိုင်းဒေ‌သကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events