ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၂၀)ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ တောင်ရွာနောင်ကျေးရွာအုပ်စု၊ တောင်ရွာနောင်(တ) ကျေးရွာ၌ ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွေ့ရသော နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုးပါ (၁)အိမ်ထောင်စာတို့ကို (၁၇-၈-၂၀၂၀)ရက်နေ့ (၁၅:၀၀)အချိန်တွင် ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရှေ့မှောက်တွင် ဘေးသင့်ပြည်သူ၏ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_rbe
#mdy_aug2020

Sign Up

Upcoming Events