Author Archives: Department of Disaster Management

  • Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်‌ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၈-၂၀၂၀) ရက်နေ့၊ (၀၈း၀၀) နာရီအချိန်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် အတူပူးပေါင်း၍ လပွတ္တာမြို့နယ်၊ မောင်းဒီးကျေးရွာအုပ်စု၊ ကျောက်အိုင်ကျေးရွာ၊ စမ်းကြီးကုန်းကျေးရွာ၊ ကျွန်းကလေး ကျေးရွာ၊ဂေါင်းတိုကျေးရွာ၊ချောင်းဖျားကျေးရွာများတို့တွင်(ဒုတိယအကြိမ်) Covid-19 ကူးစက်ရောဂါ ဆိုင်ရာနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းများကို အများပြည်သူများသိရှိလိုက်နာရန်ကွင်းဆင်း၍ Loud Speaker ဖြင့်လှည့်လှည်၍ အသိပညာပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar … Read more

  • ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုနှင့် Covid-19ကူးစက်ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ် လွှတ်တော်ဥက္ကဌနှင့်အတူ လှိုင်းဘွဲ့မြို့အတွင်းရှိ ရေဘေးရှောင် အိမ်ထောင်စု(၃၃၀)စုမှ လူဦးရေ(၁၅၇၆)ဦးအတွတ် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၃၃၀၉၆၀၀/-)ကျပ်နှင့် အိမ်ထောင်စု (၃၃၀)စုအတွတ် ဆပ်ပြာ(၃၃၀)ထောင့်တို့အား (၂၅-၈-၂၀၂၀) ရက်နေ့ မနက်(ဝ၉:၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပြီး ရေဘေးအန္တရာယ်နှင့် Covid-19ကူးစက်ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေးပေးခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fld #ar #krn_aug2020

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၂၀) ရက်နေ့၌ ဇလွန်မြို့နယ်၊ ကြာအင်းအုပ်စု၊ ရေပေါက်ကြီးကျေးရွာ နှင့် ညောင်ပင်သာအုပ်စု၊ ရေပေါက်ကြီးကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းရသော အိမ်ခြေ(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၁၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ဖိုးထောက်ပံ့ငွေ (၂၅၂၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၃၂၅၂၀၀/-)ကျပ် တို့ကို (၂၅-၈-၂၀၂၀)ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် ဇလွန်မြို့နယ်၊ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #ayy_aug2020

  • IDPs စခန်းများရှိ အိမ်ထောင်စုများအတွက် လက်ဆေးဆပ်ပြာနှင့် ထုံးအိတ်များထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP(camps)၊ (၅)ရပ်ကွက် နှစ်ခြင်းအသင်းတော်ရုံးရှိ အိမ်ထောင်စု(၅၆)စု၊ လူဦးရေ(၂၆၅)ဦးနှင့် (၆)ရပ်ကွက်မူကြိုကျောင်းရှိ အိမ်ထောင်စု (၃၈)စု၊ လူဦးရေ(၁၈၇)ဦးတို့အတွက် ထုံး (၂၀)အိတ်၊ လက်ဆေးဆပ်ပြာ(၉၀၄)ခဲတို့ကို ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #shn_aug2020

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၂၄.၈.၂၀၂၀)ရက်နေ့ မုံရွာမြို့နယ်အတွင်းရှိ ထနောင်းတောကျေးရွာ၊ နဂါးတွင်းကျေးရွာ၊ ဘုဘကျေးရွာ၊ ညောက်ဖြူပင်ကျေးရွာ၊ ပေါက်ပင်ကျေးရွာများရှိ မိဘပြည်သူများအား COVID-19 ကူးစက်ရောဂါ အသိပညာပေးခြင်း၊ ရေဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် ရေဘေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #sgg_aug2020 Source:             စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၀) ရက်နေ့၊ (၀၅:၀၀) နာရီအချိန်၌ သီပေါမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သီပေါမြို့နယ်၊ နားမခေါ်ကျေးရွာအုပ်စု၊ နားမခေါ်ကျေးရွာအနီးတွင် တောင်ကျရေများစီးဆင်းသဖြင့် ချောင်းရေ လျှံပြီး ရေဝင်ရောက်သည့် လူနေအိမ် (၂၇) လုံး၊ အိမ်ထောင်စု (၂၇) စု၊ လူဦးရေ (၁၁၂) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ(၂၃၅,၂၀၀/-) ကျပ်အား (၂၄-၈-၂၀၂၀) ရက်နေ့(၁၄:၃၀) နာရီအချိန်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ပြည်သူများလက်၀ယ် အရောက် ထောက်ပံ့‌‌ခဲ့ပါကြောင်း … Read more

  • နမ့်ခမ်းမြို့နယ် (IDP) စခန်းများရှိ တိုက်ပွဲရှောင်ပြည်သူများ အိမ်ထောင်စုအလိုက် အခြေခံစားသောက်ကုန်များ ဝယ်ယူရန် ရန်ပုံငွေထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၀)ရက်နေ့တွင် နမ့်ခမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နမ့်ခမ်းမြို့နယ်အတွင်းရှိ (IDPs) စခန်း(၆)ခုမှ တိုက်ပွဲရှောင် ပြည်သူ အိမ်ထောင်စု (၃၈၉)စုအတွက် (COVID-19) စီးပွားရေးကုစားမှု အစီအစဥ်(CERP)အရ စားသောက်ကုန်(၅)မျိုးဝယ်ယူနိုင်ရန် အတွက် အိမ်ထောင်စု (၁) စုလျှင် ထောက်ပံ့ငွေကျပ် (၄၀,၀၀၀)နှုန်းဖြင့် စုစုပေါင်းရန်ပုံငွေ (၁၅,၅၆၀,၀၀၀) ကျပ်တို့ကို စခန်းတာဝန်ခံများ မှတဆင့် တိုက်ပွဲရှောင်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။ … Read more

  • Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်‌ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၀) ရက်နေ့ (၁၃းဝဝ) နာရီမှ (၁၆း၃၀) နာရီအချိန်အထိ၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြန်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ မြဝတီမြို့အမှတ် (၄)ရပ်ကွက်၊ မြေနီကုန်း၊ ဖားချောင်၊ မဲကနယ်တိုးချဲ့ကွက်သစ်၊ သင်္ဃန်းညီနောင်၊ ဝှေ့ရှမ်းတို့တွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အများပြည်သူများ သိရှိလိုက်နာရန် အချက်များကြော်ငြာခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များ၊ မိုးရာသီတွင်ကျရောက်နိုင်သော သဘာဝဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များဝေငှခြင်းများအား ဆောင်ရွက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more

  • Covid-19ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၀) ရက်နေ့တွင် လားရှိုးမြို့၊ ရပ်ကွက် (၇) နှင့် ရပ်ကွက် (၈) တို့၌ Covid-19 ကူးစက်မှု ဒုတိယ လှိုင်းအတွင်း ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခဲ့ပြီး Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ Hand Gelများဖြင့် လက်သန့်စင်ပေးခြင်လုပ်ငန်းမျာအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar … Read more

  • ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ရေ၀င်ပြောင်းရွှေ့အိမ်ထောင်စုများအားထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ငါးခုန်ကျေးရွာအုပ်စု၊ ရှာတောကျေးရွာတွင် (၂၄-၈-၂၀၂၀) ရက်နေ့၌ ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ရေ၀င်ပြောင်းရွှေ့အိမ်ထောင်စု (၃၅) စု လူဦးရေ (၂၀၀) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၂၀,၀၀၀) ကျပ်၊ဆပ်ပြာ (၃၅) တောင့်၊ mask (၂၀၀) အား (၂၄-၈-၂၀၂၀)ရက်နေ့တွင် ထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_fld #sgg_aug2020 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events