Author Archives: Department of Disaster Management

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(သန်လျင်)မှ တာဝန်ရှိသူများသည် တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ထော်သိုကျေးရွာအုပ်စု၊ ထော်သိုကျေးရွာ၌ (၁-၁၂-၂၀၂၂) ရက်နေ့ (၃း၃၀)အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂)လုံးပြိုကျပျက်စီး၊ နေအိမ်(၈)လုံး အမိုးလန်ပျက်စီးခဲ့ပြီး စုစုပေါင်းနေအိမ်(၁၀)လုံး၊ အိမ်ထောင်စု(၁၀)စု၊ လူဦးရေ(၄၁)ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့် အဆိုပါ လေဘေးသင့်ပြည်များအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၆၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၈၆,၁၀၀)ကျပ်၊ ကယ်ဆယ်ပစ္စည်း (၁၅)မျိုး (၂)အိမ်ထောင်စာနှင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၆၄၆,၁၀၀)ကျပ်အား (၂-၁၂-၂၀၂၂) ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် ပြည်သူများ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more

  • ခရမ်းမြို့နယ်၊ ထိန်ပင်ကွင်းကျေးရွာ၌ မိုးကြိုးစက်ကွင်းထိမှန်၍ သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သန်လျင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရမ်းမြို့နယ်၊ ကရင်စုကျေးရွာအုပ်စု၊ ထိန်ပင်ကွင်းကျေးရွာ၌ ၂၁-၁၁-၂၀၂၂ ရက်နေ့၊ (၁၆:၂၀)အချိန်တွင် မိုးရွာပြီး ရုတ်တရက်မိုးကြိုးပစ်ခတ်မှုကြောင့် မိုးကြိုးစက်ကွင်းထိမှန်၍ သေဆုံးသူ ဒေါ်စန်းစန်းဝေအတွက် ထောက်ပံ့ငွေ(၃၀၀,၀၀၀/-)ကျပ်အား ၂၃-၁၁-၂၀၂၂ ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်တွင် ကျန်ရစ်သူမိသားစုဝင်များထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #ygn_nov, 2022 Source: သန်လျင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • မြောင်းမြမြို့နယ်၊ ကျေးရွာ(၃)ရွာ၌ ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ဖျက်သိမ်းရသည့် နေအိမ်များမှ ပြည်သူများသို့ ထောက်ပံ့

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်စီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၁-၂၀၂၂)ရက်နေ့တွင် မြောင်းမြမြို့နယ်၊ ဟင်္သာဒုံးကျေးရွာအုပ်စု၊ ရွာမကျေးရွာ၊ အထက်ပေကုန်းကျေးရွာအုပ်စု၊ ရွာမကျေးရွာနှင့် ဘွတ်တန်းကျေးရွာအုပ်စု၊ ရေချမ်းစုကျေးရွာတို့၌ ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ကြရသည့်နေအိမ်(၉)လုံးအတွက်  အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀၀,၀၀၀/-)ကျပ်နှင့် အဆိုပါနေအိမ်များမှ ပြည်သူ (၄၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၉၂,၄၀၀/-)ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း (၉၉၂,၄၀၀/-)ကျပ်အား (၂၁-၁၁-၂၀၂၂)ရက်နေ့၊ (၁၃:၀၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။ #ha_rbe #ayy_nov, 2022 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် မံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (Quick- Win Programme)အရ လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၅-၁၁-၂၀၂၂)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီမှ (၁၂:၀၀)နာရီအထိ ကသာခရိုင်၊ ကသာမြို့ပေါ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ၌ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ ဦးရေ (၁၀၀)ခန့်အား သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာများ ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်ဘေးနှင့်ပတ်သက်၍ . သရုပ်ဖော်ပြသခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ၊ ငလျင်ဘေးအသိပညာပေး နံရံကပ်ပိုစတာများ ဖြန့်ဝေခြင်း တို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (Quick- Win Programme)အရ လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၄-၁၁-၂၀၂၂)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီမှ (၁၂:ဝဝ)နာရီအထိ ကသာခရိုင်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ မလိခခန်းမ၌ ဆရာ/ ဆရာမ၊ ကျောင်းသား/ကျောင်းသူ ဦးရေ (၄ဝဝ)ခန့်အား သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာများ ဆွေးနွေးဟောပြောခြင်း၊ ငလျင်ဘေးနှင့်ပတ်သက်၍ သရုပ်ဖော်ပြသခြင်းနှင့် သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_nov2022

  • မီးဘေးသင့်ပြည်သူအတွက်‌ ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၁-၂၀၂၂) ရက်နေ့၊ (၁၁း၁၀)အချိန်ခန့်တွင် ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ကျေးရွာ၊ ရပ်ကွက်(၁)၌ မီးလောင်ကျွမ်းမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်လူနေအိမ်(၁)လုံးအတွက် အိမ် ဆောက်ပစ္စည်းဖိုးငွေ(၃၀,၀၀ဝ)ကျပ်၊ လူဦးရေ(၃)ဦးအတွက်(၇)ရက်စာဆန်ဖိုးငွေ(၆,၃၀ဝ)ကျပ်၊ တို့အား (၁၀-၁၁-၂၀၂၂) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fir #mon_oct2022

  • မော်လမြိုင်ကျွန်းမြို့နယ်၊ ပေါင်တစ်ချောင်းကျေးရွာ၌ လေပြင်းဘေးကြောင့် ပြိုကျပျက်စီးသည့်နေအိမ်(၁)လုံးအတွက် ထောက်ပံ့

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ကြက်ရှာကျေးရွာအုပ်စု၊ ပေါင်တစ်ချောင်းကျေးရွာ၌ (၂၄.၁၀.၂၀၂၂)ရက်​နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့်နေအိမ်(၁)လုံးအတွက်  အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝိ/-)၊ အိမ်ထောင်စု(၁)စုမှ လေဘေးသင့်ပြည်သူ (၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၁၀,၅၀ဝိ/-)၊ ထောက်ပံ့ငွေစုစုပေါင်း (၁၁၀,၅၀ဝိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုးပါ ပလတ်စတစ်ပုံး(၁)ပုံးတို့အား (၂၆.၁၀.၂၀၂၂)ရက်​နေ့၊ (၁၁:၀၀)အချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူတို့နှင့်အတူ  လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့​ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_Oct, 2022 Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • မြင်းခြံမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၀-၂၀၂၂)ရက်နေ့တွင် မြင်းခြံမြို့၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူ(၁၀၀)ဦးတို့အား သဘာ၀ဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mdy_ oct, 2022 Source:  မြင်းခြံခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ရေကြည်မြို့နယ်၊ ပန်းပုကွင်းကျေးရွာ၌ ဖြစ်ပွားသည့်လေပြင်းဘေးကြောင့် ပြိုကျပျက်စီးသည့်နေအိမ်(၁)လုံးအတွက် ထောက်ပံ့

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းပုကွင်းကျေးရွာအုပ်စု၊ ပန်းပုကွင်းကျေးရွာ၌ (၁၅.၁၀.၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ပြိုကျပျက်စီးသည့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝိ/-)၊ လေဘေးသင့်ပြည်သူ(၃)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀ဝိ/-)၊  ဒဏ်ရာရရှိသူတစ်ဦးအတွက် ထောက်ပံ့ငွေ(၅၀,၀၀ဝိ/-)၊ ထောက်ပံ့ငွေစုစုပေါင်း ကျပ်(၁၅၆,၃၀ဝိ/-)နှင့် တန်ဖိုးငွေကျပ်(၄၆,၀၃၆/-)ရှိ ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုးပါ အိမ်ထောင်စု(၁)စုစာအား (၁၉.၁၀.၂၀၂၂)ရက်နေ့ (၁၄:၀၀)အချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_Oct, 2022 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ကမာမို)၌ သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၈-၁၀-၂၀၂၂)ရက်နေ့၊ နံနက်ပိုင်းတွင် ချောင်းဆုံမြို့နယ်၊ အ.ထ.က(ခွဲ) ကမာမိုစာသင်ကျောင်း၌ ကျောင်းသား/သူ(၁၅၀)ဦးခန့်အား သဘာဝဘေး အန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာပေးခြင်း၊ ဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ပြင်ဆင်ခြင်းနှင့်  ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းစဉ်များအကြောင်းအား ဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသား/သူများသို့ သဘာဝဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် စာသင်ကျောင်းအတွက် သဘာဝဘေးအန္တရာယ်အသိပညာပေးဗီနိုင်းပိုစတာပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_oct, 2022 Source:  ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events