သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် မံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (Quick- Win Programme)အရ လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၅-၁၁-၂၀၂၂)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီမှ (၁၂:၀၀)နာရီအထိ ကသာခရိုင်၊ ကသာမြို့ပေါ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ၌ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ ဦးရေ (၁၀၀)ခန့်အား သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာများ ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်ဘေးနှင့်ပတ်သက်၍ . သရုပ်ဖော်ပြသခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ၊ ငလျင်ဘေးအသိပညာပေး နံရံကပ်ပိုစတာများ ဖြန့်ဝေခြင်း တို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar

#sgg_nov2022

Sign Up

Upcoming Events