ရေကြည်မြို့နယ်၊ ပန်းပုကွင်းကျေးရွာ၌ ဖြစ်ပွားသည့်လေပြင်းဘေးကြောင့် ပြိုကျပျက်စီးသည့်နေအိမ်(၁)လုံးအတွက် ထောက်ပံ့

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းပုကွင်းကျေးရွာအုပ်စု၊ ပန်းပုကွင်းကျေးရွာ၌ (၁၅.၁၀.၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ပြိုကျပျက်စီးသည့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝိ/-)၊ လေဘေးသင့်ပြည်သူ(၃)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀ဝိ/-)၊  ဒဏ်ရာရရှိသူတစ်ဦးအတွက် ထောက်ပံ့ငွေ(၅၀,၀၀ဝိ/-)၊ ထောက်ပံ့ငွေစုစုပေါင်း ကျပ်(၁၅၆,၃၀ဝိ/-)နှင့် တန်ဖိုးငွေကျပ်(၄၆,၀၃၆/-)ရှိ ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုးပါ အိမ်ထောင်စု(၁)စုစာအား (၁၉.၁၀.၂၀၂၂)ရက်နေ့ (၁၄:၀၀)အချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#ayy_Oct, 2022

Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events