မော်လမြိုင်ကျွန်းမြို့နယ်၊ ပေါင်တစ်ချောင်းကျေးရွာ၌ လေပြင်းဘေးကြောင့် ပြိုကျပျက်စီးသည့်နေအိမ်(၁)လုံးအတွက် ထောက်ပံ့

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ကြက်ရှာကျေးရွာအုပ်စု၊ ပေါင်တစ်ချောင်းကျေးရွာ၌ (၂၄.၁၀.၂၀၂၂)ရက်​နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့်နေအိမ်(၁)လုံးအတွက်  အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝိ/-)၊ အိမ်ထောင်စု(၁)စုမှ လေဘေးသင့်ပြည်သူ (၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၁၀,၅၀ဝိ/-)၊ ထောက်ပံ့ငွေစုစုပေါင်း (၁၁၀,၅၀ဝိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုးပါ ပလတ်စတစ်ပုံး(၁)ပုံးတို့အား (၂၆.၁၀.၂၀၂၂)ရက်​နေ့၊ (၁၁:၀၀)အချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူတို့နှင့်အတူ  လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့​ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#ayy_Oct, 2022

Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events