ခရမ်းမြို့နယ်၊ ထိန်ပင်ကွင်းကျေးရွာ၌ မိုးကြိုးစက်ကွင်းထိမှန်၍ သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သန်လျင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရမ်းမြို့နယ်၊ ကရင်စုကျေးရွာအုပ်စု၊ ထိန်ပင်ကွင်းကျေးရွာ၌ ၂၁-၁၁-၂၀၂၂ ရက်နေ့၊ (၁၆:၂၀)အချိန်တွင် မိုးရွာပြီး ရုတ်တရက်မိုးကြိုးပစ်ခတ်မှုကြောင့် မိုးကြိုးစက်ကွင်းထိမှန်၍ သေဆုံးသူ ဒေါ်စန်းစန်းဝေအတွက် ထောက်ပံ့ငွေ(၃၀၀,၀၀၀/-)ကျပ်အား ၂၃-၁၁-၂၀၂၂ ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်တွင် ကျန်ရစ်သူမိသားစုဝင်များထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_otr

#ygn_nov, 2022

Source: သန်လျင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events