Author Archives: Department of Disaster Management

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဆေင်ရွက်မှူသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂-၉-၂၀၂၀) ရက်နေ့တွင် Covid-19 ရောဂါကာကွယ်ရန်အကူအညီပေးရေးအဖွဲ့၊ ပင်လုံ Covid-19 ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့တို့နှင့်ပူးပေါင်း၍ Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်း ပြည်တွင်းကူးစက်မှုပြန့်ပွားမှုထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် လွိုင်လင်ခရိုင်၊ ပင်လုံမြို့ပေါ်ရှိ ရပ်ကွက်(၁)၊ ရပ်ကွက်(၂)၊ ရပ်ကွက်(၃)၊ ရပ်ကွက်(၄)နှင့် ကျေးရွာများဖြစ်သည့် ဝမ်မိုင်ကျေးရွာ၊ ပါမုန်းကျေးရွာ၊ တောင်ရိုးကျေးရွာ၊ ရွှေပြည်သာကျေးရွာ၊ မြို့သစ်ကျေးရွာ၊ စုစုပေါင်းရပ်ကွက်(၄)ခု၊ ကျေးရွာ (၅) ရွာ၌ Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်း၊ သဘာဝဘေးအန္တရာယ်အကြောင်းများ၏ ဆောင်ရန်/ရှောင်ရန် စသည်များအား ပအို့ဘာသာ၊ ရှမ်းဘာသာ၊ … Read more

  • Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်‌ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၉-၂၀၂၀) ရက်နေ့၊ (၀၈:၃၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ကျောက်ရေတွင်းကျေးရွာအုပ်စုအတွင်းရှိ ကျောက်ရေတွင်းကျေးရွာ၊ ဝဲကြီးကျေးရွာ၊ ဝါးတံငါကျေးရွာ၊ ကန်နီကျေးရွာနှင့် ဇီးကုန်းကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_sep2020

  • Covid-19ကူးစက်ရောဂါ မဖြစ်စေရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၉-၂၀၂၀) ရက်နေ့တွင် ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးအဖွဲ့များ၊ မေတ္တာရှင်ပရဟိတအသင်းတို့နှင့်ပူးပေါင်း၍ အမှတ်(၁၊၂၊၃၊၄၊၅)ရပ်ကွက်တို့တွင် COVID-19 ကူးစက်ရောဂါ( ဒုတိယလှိုင်း) အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ပတ်သက်၍ အများပြည်သူသိရှိ လိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ လေပြင်းဘေး ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေးခြင်းများနှင့် လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #tny_sep2020

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာအုပ်စု၊ ကိုးမိုင်ကျေးရွာတွင် (၂-၉-၂၀၂၀) ရက်နေ့၊ (၀၀:၀၅) အချိန်၌ မီးလောင်ကျွမ်းမှုကြောင့် လုံးဝပျက်စီးခဲ့‌သော အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု (၁) စု တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀ဝိ/-) ကျပ်၊ လူဦးရေ (၃) ဦး အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာထောက်ပံ့ငွေ ( ၆,၃၀ဝိ/-) ကျပ်၊ စုစု‌ပေါင်းထောက်ပံ့ငွေ (၂ဝ၆,၃၀ဝိ/) ကျပ်တို့အား မွန်ပြည်နယ်ဦးစီးမှူးရုံးမှ လည်းကောင်း၊ … Read more

  • IDPs စခန်းရှိပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၂၀)ရက်နေ့မှ (၂-၉-၂၀၂၀)ရက်နေ့ (၁၀း၀၀)အချိန်တွင် မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ရှိ (ယာယီ)IDPs စခန်း(၄)ခုမှ စုစုပေါင်းအိမ်ထောင်စု (၂၆၆)စုတို့အတွက် Covid-19 စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ စားသောက်ကုန်(၅)မျိုးဝယ်ယူရန် အိမ်ထောင်စု(၁)စုလျှင် (၄၀,၀၀ဝ/-) နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၁၀၆၄၀,၀၀ဝ/-)အား စခန်းရှိပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #kcn_sep2020 Source:                       မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19ကူးစက်ရောဂါ မဖြစ်စေရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၉-၂၀၂၀) ရက်နေ့တွင် အင်းတော်မြို့ပေါ်ရှိ ရပ်ကွက်များနှင့် နားခါကျေးရွာ၊ လယ်ပြင်ကျေးရွာ၊ ရွှေသီဘာကျေးရွာ၊ နန်းကင်ကျေးရွာ၊ နတ်မဟုတ်ကြီးကျေးရွာ၊ နတ်မဟုတ်လေးကျေးရွာ၊ နန့်ခင့်ကျေးရွာ၊ နဘားစံပြကျေးရွာနှင့် ကမ်းနီကျေးရွာများရှိ ပြည်သူများသို့ COVID-19 ကူးစက်မြန်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ရှောင်ရန် များကို (၁၄:၀၀)နာရီအချိန်မှ (၁၈:၀၀) နာရီအချိန်ထိ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_sep2020

  • Covid-19 ကူးစက်ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်စေရန် အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၉-၂၀၂၀) နေ့တွင် ဝက်လက်မြို့နယ်၊ ဝက်လက်မြို့အမှတ် ( ၁၊ ၂၊ ၃ ) ရပ်ကွက်၊ ရွာသာကြီးကျေးရွာ၊ လှ‌တောကျေးရွာ၊ ပင်းဇင်းကျေးရွာနှင့် မကျီးတုံကျေးရွာတို့တွင် Covid-19 ကူးစက်ရောဂါကူးစက်မှုဒုတိယလှိုင်းမဖြစ်စေရန် ကြိုတင်ကာကွယ်ရေး၊ အသိပညာပေးခြင်းလုပ်ငန်းများနှင့် မီးဘေး၊ ငလျင်ဘေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_sep2020

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လဟယ်မြို့နယ်ဦးစီးမှူးရုံးမှ(၂.၉.၂၀၂၀)ရက်နေ့တွင် ဆပ္ပလော်ရှောင်ကျေးရွာ၌ (၁၃:၀၀)မှ(၁၅:၀၀)နာရီအထိ covid-19 ကူးစက်ရောဂါအသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်(မြေပြိုဘေး၊ မိုးခေါင်ရေရှာဘေး)တို့အား ဖြန့်ဝေခဲ့ကြောင်း  သတင်းရရှိပါသည်။   #ar #sgg_sep2020 Source:                       လဟယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှု

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အလင်းရောင်ပရဟိတအသင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍  (၂ – ၉ – ၂၀၂၀)ရက်နေ့ (၀၉:၀၀)နာရီမှ ( ၁၈:၀၀)နာရီအထိ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၇)အုပ်စု၊ ကျေးရွာပေါင်း( ၂၀)ရွာတို့အား Covid-19ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များ ( မိုးကြိုးဘေး ၊ လေပြင်းဘေး ၊ ရေဘေး)ကို ကြိုတင်ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်သူလူထုထံသို့ Hand Speaker စက်ဖြင့် လှည့်လည်၍ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

Sign Up

Upcoming Events