Author Archives: Department of Disaster Management

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး နှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၉-၂၀၂၀) ရက်နေ့၊(၀၉း၃၀)နာရီ အချိန်မှစ၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ အင်္ဂပူမြို့နယ်၊ ကညင်ငူအုပ်စု၊ ကညင်ငူကျေးရွာ၊ ‌အ‌ရှေ့ကုန်းကြီးကျေးရွာ၊ သံပုရာကွင်းကျေးရွာ၊‌ မကျီးပင်ကွင်းကျေးရွာ၊ ကြို့ကုန်းကျေးရွာ၊ ကြာအင်းရိုး‌ကျေးရွာ၊ သစ်ရာ‌ချောင်ကျေးရွာ၊ ကြို့ကုန်း‌လေးကျေးရွာ၊ အနောက်ကုန်းကြီးကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်ဖြစ်ပွားမှု အသိပညာပေးပန်ကြားချက်နှင့် ဧရာဝတီတိုင်းဒေသကြီး Covid -19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့်ညွှန်ကြားချက်များအားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအသိပညာများအား အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လှည်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar … Read more

  • (Covid-19) ရောဂါ၊ သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာပေး ခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်အတူပူးပေါင်း၍ (၂၉-၉-၂၀၂၀) ရက်နေ့၊ (၀၉:၃၀)နာရီအချိန်မှ(၁၂:၀၀)နာရီအချိန်ထိ မော်လမြိုင် ကျွန်းမြို့နယ်၊ ဗြန့်ကြီးမြစ်ကျိုးကျေးရွာအုပ်စု အတွင်းရှိ ဗြန့်ကြီးမြစ်ကျိုး ကျေးရွာ၊ ကွင်းထုံးရွာမကျေးရွာနှင့် ထီပါလယ်ကျွန်းအနောကျေးရွာတို့ တွင် Covid-19 ကူးစက်မှု မဖြစ်ပွားစေရန်အတွက် အများပြည်သူများ သိရှိလိုက်နာရန် အချက်များအား ကွင်းဆင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များ၊ မိုးရွာသီတွင် ဖြစ်ပွားတတ်သော မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး အန္တရာယ်အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဝေငှခြင်းများကို အများပြည်သူတို့ သိရှိ လိုက်နာနိုင်စေရန် … Read more

  • Covid-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆက်စပ်ပစ္စည်းများဝယ်ယူရန် ထောက်ပံ့ငွေများ ပေးအပ်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် COVID-19 စီးပွားရေးကုသမှုအစီအစဥ် ( COVID-19 Economic Relief Plan- CERP)အရ Facility Quaratine Center အဖြစ်အသုံးပြုနိုင်သည့် ကျောက်ဖြူမြို့နယ်၊ စေတီတောင်ရပ်ကွက် Cyclone Shelter၌ လက်ဆေးဘေစင်(၃)ခု၊ ရေသိုလှောင်ကန် (၁)ကန်၊ ပိုက်နှင့်ဆက်စပ်ပစ္စည်းများ ဝယ်ယူခြင်းလုပ်ငန်းအတွက် ထောက်ပံ့ငွေ(၁၅၀၀၀၀၀/-)အား (၂၉-၉-၂၀၂၀)ရက်နေ့ နေ့လယ်(၁၃:၁၆)အချိန်တွင် ကျောက်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲ​​ပြောင်း​ထောက်ပံ့ပေးအပ်ခဲ့ပါသည်။   #ar #rke_sep2020 Source:             ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၉-၂၀၂၀) ရက်နေ့၊(၁၀:၀၀)နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်ထိ မွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့နယ်၊ ချောင်းစောင့်ကျေးရွာတွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးဟောပြောခြင်းအား အသံချဲ့စက်များဖြင့်လည်းကောင်း ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပြည်သူသို့ အသိပေးနှိုးဆော်ခြင်းအား Handspeaker များဖြင့်လည်းကောင်း အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mon_sep2020 Source:             သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၉-၂၀၂၀)ရက်နေ့၌ ရေဖြူမြို့နယ်၊ ရလိုင်ကျေးရွာနှင့် ပုဂေါဇွန်းကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိအညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #tny_sep2020 Source:             တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • (Covid-19) ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၉-၂၀၂၀) ရက်နေ့တွင် (၀၉:၀၀)နာရီမှ စတင်၍ (၁၂:၀၀)အချိန်ထိ ရေစကြိုမြို့နယ်၊ ပေကုန်းကျေးရွာအုပ်စု၊ ပေကုန်းကျေးရွာနှင့် ပညှင်းကျေးရွာတို့တွင် (COVID-19) ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရန်များကို လော်စပီကာဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mgy_sep2020     Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉- ၉-၂၀၂၀)ရက်​​နေ့၊ နံနက်(၀၉:၃၀)နာရီချိန်မှ (၁၂:၃၀)နာရီချိန်ထိ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့အတွင်းရှိ ကကူလားကျေးရွာ၊ ကရှမ်းကျေးရွာ၊ ကတောင်သူကျေးရွာနှင့် ညာပေါင်ခီးကျေးရွာများတွင် COVID-19 ကူးစက်မြန်ရောဂါပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ရမည့်အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဥ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသံချဲ့စက်ဖြင့်​ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #krn_sep2020 Source:             ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ (၂၉.၉.၂၀၂၀) ရက်နေ့ တနင်္သာရီမြို့နယ်၊ အနောက်မော်တုန်းကျေးရွာအုပ်စု၊ ကတော့ကမ်းကျေးရွာတွင် Covid-19 အသိပညာပေးခြင်း၊ ပိုစတာနှင့်လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မိုးကြိုးဘေး၊ ရေဘေး၊ မြေပြိုဘေးနှင့်ပတ်သက်သည့် ဆောင်ရန်၊ရှောင်ရန်များအတွက် အသိပညာပေးခြင်းတို့ကို မြို့နယ်မီးသတ်ဦးစီးဌာန၊ အရန်မီးသတ်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ရပ်ကျေးအုပ်ချုပ်ရေးမှုးများနှင့်အတူ နံနက် (၀၈း၀၀)အချိန်မှ (၁၂း၀၀)အချိန်ထိ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #tny_sep2020 Source:             တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေး ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့နယ်၊ ဆိက္ခဝကျေးရွာအုပ်စု၊ အနောက်သီရိကျေးရွာ၌ ဩဂုတ်လတွင်စတင်ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်​​ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် (၂၅.၉.၂၀၂၀)မှစတင်၍​ကြိုတင်ပြောင်းရွှေ့ ခဲ့ရသော အိမ်ခြေ (၅၂)လုံး၊ အိမ်ထောင်စု (၅၂)စုမှ ကျား(၈၅)ဦး မ(၈၉)ဦး၊ စုစုပေါင်း(၁၇၄)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၃၆၅၄၀၀ိ/-)နှင့် ပြောင်းရွှေ့အိမ်(၅၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၅၂၀၀၀၀၀ိ/-)၊ စုစုပေါင်း(၅၅၆၅၄၀၀ိ/-)၊ ဓာတ်ဆားထုပ် (၅၂၀)ထုပ်အား (၂၈.၉.၂၀၂၀)ရက်နေ့ မွန်းလွဲ(၁၅:၀၀)နာရီတွင် ​ဆိက္ခဝကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_rbe #mgy_sep2020 Source:             ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၉-၂၀၂၀) ရက်နေ့၌ မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာအုပ်စု၊ မကြီးကန်ကျေးရွာ၊ နွားကူးကျေးရွာ၊ သန်းတောကုန်းကျေးရွာများတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးချက်များ၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိအညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။   #ar #mgy_sep2020 Source:             မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ

Sign Up

Upcoming Events