လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ (၂၉.၉.၂၀၂၀) ရက်နေ့ တနင်္သာရီမြို့နယ်၊ အနောက်မော်တုန်းကျေးရွာအုပ်စု၊ ကတော့ကမ်းကျေးရွာတွင် Covid-19 အသိပညာပေးခြင်း၊ ပိုစတာနှင့်လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မိုးကြိုးဘေး၊ ရေဘေး၊ မြေပြိုဘေးနှင့်ပတ်သက်သည့် ဆောင်ရန်၊ရှောင်ရန်များအတွက် အသိပညာပေးခြင်းတို့ကို မြို့နယ်မီးသတ်ဦးစီးဌာန၊ အရန်မီးသတ်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ရပ်ကျေးအုပ်ချုပ်ရေးမှုးများနှင့်အတူ နံနက် (၀၈း၀၀)အချိန်မှ (၁၂း၀၀)အချိန်ထိ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#tny_sep2020
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)