လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉- ၉-၂၀၂၀)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီချိန်မှ (၁၂:၃၀)နာရီချိန်ထိ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့အတွင်းရှိ ကကူလားကျေးရွာ၊ ကရှမ်းကျေးရွာ၊ ကတောင်သူကျေးရွာနှင့် ညာပေါင်ခီးကျေးရွာများတွင် COVID-19 ကူးစက်မြန်ရောဂါပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ရမည့်အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဥ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသံချဲ့စက်ဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#krn_sep2020
Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)