ကမ်းပြိုဘေး ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့နယ်၊ ဆိက္ခဝကျေးရွာအုပ်စု၊ အနောက်သီရိကျေးရွာ၌ ဩဂုတ်လတွင်စတင်ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်​​ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် (၂၅.၉.၂၀၂၀)မှစတင်၍​ကြိုတင်ပြောင်းရွှေ့ ခဲ့ရသော အိမ်ခြေ (၅၂)လုံး၊ အိမ်ထောင်စု (၅၂)စုမှ ကျား(၈၅)ဦး မ(၈၉)ဦး၊ စုစုပေါင်း(၁၇၄)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၃၆၅၄၀၀ိ/-)နှင့် ပြောင်းရွှေ့အိမ်(၅၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၅၂၀၀၀၀၀ိ/-)၊ စုစုပေါင်း(၅၅၆၅၄၀၀ိ/-)၊ ဓာတ်ဆားထုပ် (၅၂၀)ထုပ်အား (၂၈.၉.၂၀၂၀)ရက်နေ့ မွန်းလွဲ(၁၅:၀၀)နာရီတွင် ​ဆိက္ခဝကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_rbe

#mgy_sep2020

Source:             ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events