Author Archives: Department of Disaster Management
-
COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန် အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၀-၂၀၂၀)ရက်နေ့တွင် ပခုက္ကူမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ်(၄)၊ (၅) နှင့် (၆)ရပ်ကွက်များ၌ လှည့်လည်၍ COVID-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန် ရှောင်ရန် အချက်များအား အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_oct2020 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၀-၂၀၂၀) ရက်နေ့တွင် ပခုက္ကူမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ် (၁/၂/၃) ရပ်ကွက်များတွင် လှည့်လည်၍ Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_oct2020 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာအုပ်စု၊ စက်ကုန်းကျေးရွာ၌ (၁၅-၁၀-၂၀၂၀)ရက်နေ့၊ (၂၁:၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီး နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၅,၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦး ရေ(၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၆,၃၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ ငွေ (၃၁,၃၀ဝ/-)ကျပ်တို့အား (၁၆-၁၀-၂၀၂၀)ရက်နေ့၊(၁၄:၂၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #npw_oct2020 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း (၁၅-၁၀-၂၀၂၀)ရက်နေ့ (၂၁:ဝဝ)နာရီအချိန်တွင် မိုးသက်လေပြင်းတိုက်ခတ်ခဲ့ရာ ကျသောင်းတောင်ကျေးရွာအုပ်စု၊ ကျးတန်းကူးကျေးရွာမှ လေဘေးသင့် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၇၀,၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၄,၂၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၇၄,၂၀ဝ/-)ကျပ်တို့အား (၁၆-၁၀-၂၀၂၀)ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #npw_oct2020 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် စစ်ကိုင်းတိုင်းေဒသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ကရားကျေးရွာအုပ်စု၊ မဲတင်ကျေးရွာတွင် (၁၄-၁၀-၂၀၂၀) ရက်နေ့ (၂၀:၄၅) အချိန်၌ ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်(၄)လုံး၊ အိမ်ထောင်စု(၄)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၄) အိမ်ထောင်စာ၊ လူဦးရေ(၂၁)ဦးအတွက် အဝတ် Mask (၄၂) ခု၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၂၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄၄,၁၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ … Read more
-
ကမ်းပြိုဘေးသင့် ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၀-၂၀၂၀) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာအုပ်စု၊ရွှေခဲကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးမှ ကြိုတင်ပြောင်းရွှေ့နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ (၃) ဦးတို့အတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုးထောက်ပံငွေ (၆,၃၀၀) ကျပ်၊ စုစုပေါင်းထောက်ပံငွေ (၁၀၆,၃၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁) မျိုး (၁) အိမ်ထောင်စာ အား (၁၆-၁၀-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးမြို့နယ်၊ အမှတ် ( ၂ ) ၊ဆန်တန်းရပ်၌ (၁၂-၁၀-၂၀၂၀) ရက်နေ့၊ (၂၃:၃၀)နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်ပေါ်သို့ ကုက္ကိုပင်ပြိုလဲကျခဲ့သဖြင့် လုံးဝပျက်စီးနေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၈,၄၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀/-)ကျပ်နှင့်(၃၅,၀၈၁/-)တန်ဖိုးရှိကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ တစ်အိမ်ထောင်စာတို့ကို (၁၃-၁၀-၂၀၂၀) ရက်နေ့၊ (၁၂:၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူ၏ လက်ဝယ်အရောက် သွားရောက် … Read more
-
Covid – 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၀-၂၀၂၀) ရက်နေ့တွင် ပခုက္ကူမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ် (၁၃/၁၄/၁၅) ရပ်ကွက်များတွင် လှည့်လည်၍ Covid – 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာ ပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_oct2020 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ မဖြစ်စေရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၀-၂၀၂၀) ရက်နေ့တွင် မိုင်းဆတ်မြို့နယ်၊ မယ်ဆွမ်(တောင်) ရပ်ကွက်၊ မယ်ဆွမ်(မြောက်)ရပ်ကွက်၊ ဝမ်ကျောင်းရပ်ကွက်၊ နောင်ဟီးရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ ဝိန်းနေရပ်ကွက်၊ ဝိန်းဝိုင်ရပ်ကွက်၊ ကျဒယ်ရပ်ကွက်၊ နားကောရပ်ကွက်၊ နားမရပ်ကွက်နှင့် နောင်ပိုရွာတို့၌ Covid-19 ကူးစက်ရောဂါ မဖြစ်စေရေးအတွက် ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဆတ်ခရိုင်င်ဦးစီးမှူးရုံး (ဘစမ) #ar … Read more
-
တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းနှင့် RCSS/SSAတို့ ထိတွေ့မှုဖြစ်ပွားသဖြင့် ကျောက်မဲမြို့နယ်၊ ဟဲကွီဘုန်းတော်ကြီးကျောင်း၊ ပုံဝိုးဘုန်းတော်ကြီးကျောင်း၊ ဟိုနမ့်ဘုန်းတော်ကြီးကျောင်း၊ ခဲရှင်ဘုန်းတော်ကြီးကျောင်း၊ နားအွမ်ဘုန်းတော်ကြီးကျောင်း၊ ကွမ်ဟင်ဘုန်းတော်ကြီးနှင့် ကောင်းမှုခံဘုန်းတော်ကြီးကျောင်းများသို့ တိမ်းရှောင်ရောက်ရှိလာသော အိမ်ထောင်စု(၅၈၇)စု၊ လူဦးရေ(၂,၀၁၄)ဦးအတွက် ဒုတိယအကြိမ် ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ (၄,၂၂၉,၄၀၀) ကျပ်အား (၁၅-၁၀-၂၀၂၀) ရက် (၁၁:၀၀) နာရီအချိန်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျောက်မဲမြို့နယ် ပရဟိတလူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက်၍ တိုက်ပွဲရှောင်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more
