Author Archives: Department of Disaster Management
-
ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ကန်ပိုက်တီမြို့အတွင်းရှိ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
ကချင်ပြည်နယ၊် ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တီမြို့ အမှတ် (၂) ရပ်ကွက်တွင် (၂၅-၁ -၂၀၁၇) ရက်နေ့ကဖြစ်ပွားသော မီးဘေးကြောင့်ဘေးသင့်အိမ်ခြေ(၅)လုံး အိမ်ထောင်စု(၉)စု လူဦးရေ(၄၄)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး ဆန်(၃)ရက်စာ(၃၉၆၀၀ိ/-)နှင့်အိမ်ဆောက်ပစ္စည်းဖိုး(၇၀၀၀၀၀ိ/-)အားတို့အား (၂၇-၁-၂၀၁၇)ရက်နေ့တွင် ကချင်ပြည်နယ်ဦးစီးမှူးရုံးဝန်ထမ်းများမှကွင်းဆင်းကာ ၀ိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတာဝန်ရှိသူများမှတဆင့် ထောက်ပံ့ခဲ့ပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်းနှင့် သဘာဝဘေးပညာပေးလက်ကမ်းစာစောင်များထည့်သွင်းထားသော DAN Mobile Application အသုံးပြုပုံနည်းလမ်းများအား ရှင်းလင်းပြောကြားမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၁-၂၀၁၇) ရက်နေ့ နံနက် (၀၉:၃၀) အချိန်တွင် ပင်းတယမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ရှမ်းပြည်နယ်ဦးစီးမှူးမှ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတာဝန်ရှိသူတစ်ဦးတို့မှ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအသိပညာပေးေပြောဆွေးနွေးခြင်းတို့ဆောင်ရွက်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအပါအဝင် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ၊ မြို့မိမြို့ဖနှင့်လူမှုရေးအသင်းအဖွဲ့များမှ စုစုပေါင်းအင်အား (၁၂၉) ဦးတက်ရောက်ခဲ့ကြပြီး လက်ကမ်းစာစောင်များဝေငှခြင်းနှင့် DAN Mobile app ထည့်သွင်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု ခုံမော်အနောက်ကမ်းကျေးရွာတွင် သဘာဝဘေးအန္တရာယ်အသိ ပညာပေး ဟောပြောပွဲဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
(၂၇- ၁ -၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ မြိတ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု ခုံမော်အနောက်ကမ်း ကျေးရွာတွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့်အကြောင်းအရာများ ဟောပြောဆွေးနွေး ခြင်း၊ ရှောင်ရန်၊ ဆောင်ရန်များ ဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာ များ၊ ဆပ်ပြာမှုန့်ထုပ်များနှင့် မုန့်ထုပ်များဝေငှပေးခြင်း တို့ကိုပြုလုပ်ခဲ့ရာ လူဦးရေစုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဟင်္သာတမြို့နယ်၊ မြို့ကွင်းကျေးရွာအုပ်စု (အ-လ-က)(ခွဲ) မြို့ကွင်းကျောင်းတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
(၂၆-၁-၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံး(ကဆရ) မှတာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ မြို့ကွင်းကျေးရွာအုပ်စု (အ-လ-က) (ခွဲ) မြို့ကွင်းကျောင်းတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ် ခဲ့ရာ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၂၆) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
စစ်တွေမြို့နယ် ဂန့်ဂေါ်ကျွန်းကျေးရွာအုပ်စု သက္ကေပြင်ရွာမကျေးရွာ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှု သတင်း
စစ်တွေမြို့နယ်၊ ဂန့်ဂေါ်ကျွန်းကျေးရွာအုပ်စု သက္ကေပြင်ကျေးရွာတွင် ( ၂၀ – ၁ – ၂၀၁၇ ) ရက်နေ့၌ မီးလောင်မှုကြောင့် မီးဘေးသင့်အိမ်ခြေ(၃)လုံးမှ အိမ်ထောင်စု( ၃ )စု လူဦးရေစုစုပေါင်း(၁၆)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာ(၃) ရက်စာဖိုး(၁၄,၄၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး(၁၅၀,၀၀၀/-)ကျပ်တို့အား ရခိုင်ပြည်နယ်ဦးစီးမှူးရုံးတာဝန်ရှိသူများမှ (၂၆-၁-၂၀၁၇)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ )
-
လားရှိုးခရိုင်ဦးစီးမှူးရုံး(ကဆရ)မှ အမှတ်စဉ်(၁/၂၀၁၇) ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ လုပ်ငန်း စွမ်းဆောင်ရည်သင်တန်းတွင် DAN Mobile Application သုံးစွဲနည်းများ ဟောပြောပို့ချမှုသတင်း
(၂၅-၁-၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အမှတ်စဉ်(၁/၂၀၁၇) ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေး မှူးများလုပ်ငန်းစွမ်းဆောင်ရည် သင်တန်းဖွင့်ပွဲအခမ်းအနားတွင် သင်တန်းသား (၈၇) ဦးအား ဌာန၏လုပ်ငန်းဆောင်ရွက်ချက်နှင့် DAN Mobile Application သုံးစွဲနည်းများ ဟောပြောပို့ချ ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ကျေးရွာအုပ်စု (၃) စု၊ ကျေးရွာခွဲ (၄) ရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးနှင့်ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၄၂) လုံးမှ အိမ်ထောင်စု (၄၂) စု ၊ လူဦးရေ (၁၈၉) ဦးတို့အတွက် ဆန်ရိက္ခာ တန်ဖိုးငွေ (၁၇၀,၁၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေ (၉၃၀,၀၀၀) ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း တန်ဖိုးငွေ (၃၁၇,၀၇၀) ကျပ်တို့အား လွှတ်တော်ကိုယ်စားလှယ် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး တို့နှင့် အတူ … Read more
-
ကျိုင်းတုံမြို့နယ် ၊ ကတ်ဖကျေးရွာအုပ်စု၊ အ .လ. က. ကတ်ဖကျေးရွာတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၂၅-၁-၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာအုပ်စု၊ အ .လ. က. ကတ်ဖကျေးရွာ တွင် သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အရေးပေါ်ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်ရေးသား၍ ကပ်ပေးခြင်း၊ ဘေးဖြစ်ပွားမှု၊ ထောက်ပံ့မှု၊ အသိပညာပေးလှုပ်ရှားမှု စသည့် မှတ်တမ်းဓါတ်ပုံများ ကပ်ခြင်း၊ သဘာဝဘေးအန္တရာယ် အကြောင်းနှင့် ဘေးမဖြစ်မီ၊ ဘေးဖြစ်ပွားချိန်၊ ဘေးဖြစ်ပွားပြီးချိန်များ၌ ဆောင်ရန်ရှောင်ရန်များအား ဟောပြောဆွေးနွေးခဲ့ပြီး ဘေးသရုပ် … Read more
-
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဒုရင်ဒုဘိုကျေးရွာအုပ်စု ရွာလယ်ဓမ္ဓာရုံ၌ “DNA Mobile Application Software ” အသုံးပြုပုံနှင့် သဘာဝဘေးအန္တရာယ်အသိပညာ ပေးဟောပြောပွဲသတင်း
(၂၅-၁-၂၀၁၇) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြည်လည်နေရာချထားရေးဦးစီး ဌာန၊ ကယ်ဆယ်ရေးနှင့်ပြည် လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိ သူများသည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဒုရင်ဒုဘိုကျေးရွာအုပ်စု ရွာလယ်ဓမ္မာရုံ၌ “DNA Mobile Application Software” အသုံးပြုပုံနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ရာ ရွှေတောင်မြို့နယ်ထွေ/အုပ်မှ ဒုတိယဦးစီးမှူးဦးဆောင်သောမြို့နယ်အမျိုး သမီးရေးရာ အဖွဲ့ဝင်များနှင့် ကျေးရွာသူ၊ကျေးရွာသား (၁၂၀) ဦးတို့တက်ရောက်ခဲ့ကြောင်း သိရှိရ ပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ပြည်သူ့အကျိုးစီးပွားကိုဖြည့်ဆည်းနိုင်ရေး လူမှုရေးအဖွဲ့အစည်းများနှင့် ကွန်ယက်သဖွယ်ချိတ်ဆက် ဆောင်ရွက်မည်
နေပြည်တော် (၂၅-၁-၂၀၁၇) လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီးေဒါက်တာ၀င်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်းသို့ သွားရောက်၍ ကလေးများအား ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူ၀ါဒ၊ မူကြိုနည်းပညာရပ်များနှင့်အညီ လူမှု၀န်ထမ်းနည်းလမ်းများဖြင့် ပြုစုပျိုးထောင်ပေးနိုင်ရေး သက်ဆိုင်ရာ တာ၀န်ရှိသူများနှင့် ဆွေးနွေးဆောင်ရွက်ပြီး ကလေးများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ ကစားစရာနှင့် အာဟာရ ပဲနို့ရည်များကို ပေးအပ်ခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စု၀န်ကြီးသည် မူလတန်းကြိုကျောင်းခန်းမ၌ လူမှုရေးအဖွဲ့အစည်းများမှ တာ၀န်ရှိသူများ၊ လူငယ်များနှင့်တွေ့ဆုံရာ ဂုဏ်သိက္ခာနှင့် ပြည့်စုံတဲ့ လူမှုအသိုက်အ၀န်းတစ်ရပ်ဖြစ်ရန် အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းများနှင့် ပြည့်စုံနိုင်ရေးအတွက် ဆောင်ရွက်ရာမှှာ ရေရှည်တည်တံ့တဲ့ လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများနှင့် ဆောင်ရွက်လျက်ရှိကြောင်း၊မွေးကင်းစမှသက်ကြီးရွယ်အိုအထိလူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများနှင့် … Read more
