Author Archives: Department of Disaster Management

  • ကျိုင်းတုံမြို့နယ် ၊ အမက (၆) ကျောင်းတွင် သဘာဝဘေး အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

        (၆-၂-၂၀၁၇) ရက်နေ့တွင် ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကျိုင်းတုံ မြို့နယ်၊ အမက (၆) ကျောင်းတွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ရာ ဆရာ/ ဆရာမနှင့်  ကျောင်းသား /သူ စုစုပေါင်း (၅၈) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် သဘာဝဘေးအသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေခြင်း၊ သဘာဝဘေး လှုပ်ရှားမှု မှတ်တမ်း ဓါတ်ပုံများကပ်ပေးခြင်း၊ အသိပညာပေး ပိုစတာ ပေးခြင်း၊ ဘေး (၈) မျိုးအကြောင်း ဆောင်ရန်ရှောင်ရန်များ ဟောပြောခြင်း၊ … Read more

  • လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ၊ မြေယာအခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တတိယအကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း =================================================== Source – RRD ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) အဆောက်အဦသစ် အစည်းအဝေးခန်းမတွင် (၇.၂.၂၀၁၇) ရက်နေ့၊ နံနက် (၉:၃၀)အချိန်၌ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တတိယအကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင် … Read more

  • သရက်ခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ ပြလို့ကျေးရွာတွင် (၁-၂- ၂၀၁၇) ရက်နေ့ (၁း၀၀)အချိန်၌ မီးဘေးသင့် အိမ်ခြေ (၁)လုံး၊ အိမ်ထောင် စု(၁)စု၊ လူဦးရေ (၆) ဦး အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁၀၀,၀၀၀) ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၅,၄၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးအား (၃-၂-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

  • တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ (၃-၂-၂၀၁၇)ရက်နေ့တွင် လောင်းလုံးမြို့နယ်၊ ပိန္နဲတောကျေးရွာ၌ ရပ်ရွာနေပြည်သူအင်အား (၁ဝဝ) ခန့် အား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ မီးသတ်ဦးစီးဌာနမှ မီးသတ်ဆေးဗူးဖြင့် လက်တွေ့မီးငြိမ်းသတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

  • ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၂-၂၀၁၆)ရက်နေ့က မရမ်းကုန်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ဇေယျာခေမာလမ်းတွင် ဖြစ်ပွားသော မီးဘေးသင့်အိမ်ခြေ (၂၉)လုံး၊ အိမ်ထောင်စု(၇၅)စုမှ လူဦးရေ (၄၇၂)ဦး နှင့် သီလရှင်ကျောင်း (၁၀) ကျောင်း အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၇၅)အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုး(၇)ရက်စာတန်ဖိုးငွေကျပ် (၉၉၁,၂၀၀)၊ အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေကျပ် (၇,၈၀၀,၀၀၀) နှင့် မီးဘေးကြောင့် သေဆုံးသူ(၁)ဦးအတွက် ထောက် ပံငွေကျပ် (၁၀၀,၀၀၀) စုစုပေါင်း (၈,၈၉၁,၂၀၀)အား (၃-၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။  

  • ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၂-၂၀၁၆)ရက်နေ့က ဝိုင်းမော်မြို့နယ်၊ အမှတ် (၃)ရပ်ကွက်တွင် နွားစာတဲအဆောက်အဦမီးလောင်ကျွမ်းမှုမှ မူကြိုကျောင်းသား (၂)ဦးသေဆုံးခဲ့ရာ သေဆုံးသူ(၂)ဦးအတွက် (၂၀၀,၀၀၀)ကျပ် အား (၅-၂-၂၀၁၇)ရက်နေ့ကသွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်သည့်သတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၂-၂၀၁၇)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ်၊ တာပွန်မြို့၊ ရေကြည်ကျေးရွာအုပ်စုတွင် DAN Mobile Application Software အသုံးပြုပုံနှင့် သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ရာ နတ္တလင်းမြို့နယ် မီးသတ်ဦးစီးမှူးနှင့် အဖွဲ့များ၊ တာပွန်မြို့မရဲစခန်းမှူးနှင့်အဖွဲ့များ၊ ရေကြည်ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာနေပြည်သူ(၁၀၀)ဦး နှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ဇေယျာခေမာလမ်းတွင်ဖြစ်ပွားသော မီးဘေးအတွက်သွားရောက်ထောက်ပံ့ခဲ့ရာ အိမ်ခြေ(၂၉)လုံး၊ အိမ်ထောင်စု (၇၅)စုမှ လူဦးရေ (၄၇၂)ဦးနှင့် သီလရှင်ကျောင်း(၁၀)ကျောင်းတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ (၇၅)အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုး (၇)ရက်စာ (၉၉၁၂၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၇၈၀၀၀၀၀)ကျပ်နှင့် မီးဘေးကြောင့် သေဆုံးသူ (၁)ဦးအတွက် ထောက်ပံ့ငွေ (၁၀၀၀၀၀)ကျပ်၊ စုစုပေါင်း (၈၈၉၁၂၀၀)ကျပ်အား (၃-၂-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

  • မီးဘေးထောက်ပံ့မှုသတင်း

    ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့၊ တော့ဆန်ကျေးရွာအုပ်စု တော့ဆန်ကျေးရွာစျေးရပ်ရှိ မီးဘေးသင့် အိမ်ထောင်စု(၁)စုမှ လူဦးရေ (၅)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ အိမ်ထောင်စု(၁)စုစာ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀)ကျပ်နှင့် ဆန်ရိက္ခာ (၃)ရက်စာ (၄၅၀၀)ကျပ်တို့အားကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

  • လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေးအသိပညာပေးမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Actionaid Myanmar နှင့် ပူးပေါင်း၍ (၂-၂-၂၀၁၇)ရက်နေတွင် လပွတ္တာမြို့နယ်၊ သစ်ပုတ်ကျေးရွာအုပ်စု၊ အိုင်မကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းရှိ ကျောင်းသူ/သား စုစုပေါင်း(၃၀၀)ဦးခန့်ကို  သဘာဝဘေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events