Author Archives: Department of Disaster Management

  • မလေးရှားနိုင်ငံအစိုးရကရခိုင်ပြည်နယ်အတွက်ပေးအပ်သောလူသားချင်းစာနာမှု အထောက်အပံ့ပစ္စည်းများလွှဲပြောင်းလက်ခံခြင်းအခမ်းအနားကျင်းပမှုသတင်း

    အာဆီယံအဖွဲ့၀င်နိုင်ငံဖြစ်သော မလေးရှားနိုင်ငံအစိုးရ၏စီစဉ်ဆောင်ရွက်မှုဖြင့်မလေးရှား နိုင်ငံရှိအစိုးရမဟုတ်သောအဖွဲ့အစည်းများ ညွှန့်ပေါင်းအဖွဲ့မှ ရခိုင်ပြည်နယ်အတွက် ပေးအပ်သော လူသားချင်းစာနာမှုအထောက်အပံ့ပစ္စည်းများတင်ဆောင်လာသောNautical Aliyaသင်္ဘောသည် ၂၀၁၇ခုနှစ်၊ ဖေဖေါ်၀ါရီလ(၉)ရက်နေ့၊ မွန်းလွဲ ၃နာရီတွင် သီလဝါဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့ပြီး ပစ္စည်းများလွှဲပြောင်းလက်ခံခြင်း အခမ်းအနားကိုအဆိုပါဆိပ်ကမ်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာမလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E Dato Seri Reezal Merican Naina Merican ကလှူဒါန်းရသောအကြောင်းအရင်းကို ရှင်းလင်း‌ပြောကြားပြီး ထောက်ပံ့ပစ္စည်းများအား လွှဲပြောင်းပေးအပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူတင်စကား‌ပြောကြားခဲ့ပါသည်။ ထောက်ပံ့ပစ္စည်းများမှာဆန်(၃၀၀)တန်၊ … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် မြောက်ဦးမြို့နယ်၊ ကုတိုးကျေးရွာအုပ်စု၊ ကုတိုးကျေးရွာရှိ အ.မ.က (မူလွန်) ကျောင်း၌ (၉-၂-၂၀၁၇) ရက်နေ့တွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောခြင်း၊ DAN Mobile Application အသုံးပြုမှုအားရှင်းလင်းခြင်းပြုလုပ်ခဲ့ရာ ကျေးရွာသူ/ ကျေးရွာသား(၆၀)ဦး၊ ကျောင်းသား/သူ(၇၀)ဦး တက်ရောက်ခဲ့ကြပြီး ဘေး(၈)မျိုးပါလက်ကမ်းစာစောင် (၁၀၀)နှင့် နံရံကပ် ပိုစတာများကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

  • သဘာဝဘေးအသိပညာပေးဟောပြောမှု၊ DAN Mobile Application များ အသုံးပြုပုံနှင့် Sticker များဖြန့်ဝေမှုသတင်း( ၈ – ၂ – ၂၀၁၇ )

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် ( ၈ – ၂ – ၂၀၁၇ )ရက်နေ့တွင် မိုင်းခတ်မြို့နှင့်မိုင်းယန်းမြို့များတွင် သဘာဝဘေးအသိပညာပေးဟော ပြောပွဲများ ပြုလုပ်ပြီး DAN Mobile Application များဖြန့်ဝေခြင်း၊ powerpoint hangout ဖြန့်ဝေခြင်း၊ အသိပညာပေးစာအုပ်များ display ပြသခြင်း၊ နံရံကပ်ပိုစတာကပ်ပေးခြင်း DM LAW များဖြန့်ဝေပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများ စုစုပေါင်း ( ၁၁၀ ) ဦးခန့်တက်ရောက်ခဲ့ကြောင်း … Read more

  • သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုကိန်းဂဏန်းအချက်အလက်စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း

    မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုကိန်းဂဏန်းအချက်အလက်စနစ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက်နေ့က Hotel Amara တွင်ပြုလုပ်ခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေမှူးချုပ် ဒေါက်တာကိုကိုနိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပုသိမ်၊ မုံရွာ၊ မော်လမြိုင် နှင့်၊ လားရှိုးမြို့များမှ စည်ပင်သာယာရေးအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာကိုယ်စားလှယ်စားများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events