မလေးရှားနိုင်ငံအစိုးရကရခိုင်ပြည်နယ်အတွက်ပေးအပ်သောလူသားချင်းစာနာမှု အထောက်အပံ့ပစ္စည်းများလွှဲပြောင်းလက်ခံခြင်းအခမ်းအနားကျင်းပမှုသတင်း

အာဆီယံအဖွဲ့၀င်နိုင်ငံဖြစ်သော မလေးရှားနိုင်ငံအစိုးရ၏စီစဉ်ဆောင်ရွက်မှုဖြင့်မလေးရှား နိုင်ငံရှိအစိုးရမဟုတ်သောအဖွဲ့အစည်းများ ညွှန့်ပေါင်းအဖွဲ့မှ ရခိုင်ပြည်နယ်အတွက် ပေးအပ်သော လူသားချင်းစာနာမှုအထောက်အပံ့ပစ္စည်းများတင်ဆောင်လာသောNautical Aliyaသင်္ဘောသည် ၂၀၁၇ခုနှစ်၊ ဖေဖေါ်၀ါရီလ(၉)ရက်နေ့၊ မွန်းလွဲ ၃နာရီတွင် သီလဝါဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့ပြီး ပစ္စည်းများလွှဲပြောင်းလက်ခံခြင်း အခမ်းအနားကိုအဆိုပါဆိပ်ကမ်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာမလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E Dato Seri Reezal Merican Naina Merican ကလှူဒါန်းရသောအကြောင်းအရင်းကို ရှင်းလင်း‌ပြောကြားပြီး ထောက်ပံ့ပစ္စည်းများအား လွှဲပြောင်းပေးအပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူတင်စကား‌ပြောကြားခဲ့ပါသည်။
ထောက်ပံ့ပစ္စည်းများမှာဆန်(၃၀၀)တန်၊ အသင့်စားခေါက်ဆွဲ‌ခြောက်(၅၀၀၀၀)ထုပ်၊ ရေသန့် (၁၀၀၀၀)ဘူး၊ Hygiene Packs (၁၀၀၀၀)ထုပ် ြဖစ်ပြီးတန်ဘိုးမှာကျပ် (၃၀၀)သန်းခန့် ဖြစ်ပါ သည်။ အဆိုပါ ပစ္စည်းများအားရခိုင်ပြည်နယ်သို့ တပ်မတော်ရေယာဉ်ဖြင့် ဤဝန်ကြီးဌာနက ဆက်လက် ပို့ဆောင်ပေးပြီးရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဖြန့်ဝေထောက်ပံ့သွားမည် ဖြစ်ပါကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events