မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့၊ အမှတ်(၂)ရပ်ကွက် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

 

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့၊ အမှတ်(၂)ရပ်ကွက်၌ (၇-၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသောမီးဘေးကြောင့် အိမ်ခြေ (၇) လုံး၊ အိမ်ထောင်စု (၈)စု၊ လူဦးရေ (၃၉)ဦး မီးဘေးသင့်ခဲ့ ပါသည်။ အဆိုပါမီးသင့်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်နှင့်အိမ်ဆောက်ပစ္စည်း (၇၈၁၉၀၀) ကျပ်တို့ကို (၈-၂-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ  တာဝန်ရှိသူများက မီးဘေးသင့်ပြည်သူများထံသို့ထောက်ပံ့ပေးခဲ့ကြောင်းသိရှိရပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events