Author Archives: Department of Disaster Management
-
လားရှိုးမြို့နယ်၊ ရပ်ကွက်(၁၂)၊ နယ်မြေ(၂၀)၊ မိုင်းယော်လမ်းတွင်ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း
(၁၈.၂.၂၀၁၇) ရက်တွင် လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)မှ တာဝန်ရှိသူများသည် လားရှိုးမြို့နယ်၊ ရပ်ကွက်(၁၂)၊ နယ်မြေ(၂၀)၊ မိုင်းယော်လမ်းတွင်ဖြစ်ပွားသော မီးဘေးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀၀၀၀) ၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် လူဦးရေ (၆) ဦးအတွက်ဆန် (၃) ရက်စာထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
နုံးပို့ကျေးရွာတွင် မုန်တိုင်းဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း
(၁၇-၂-၂၀၁၇) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှားပင်ကျေးရွာအုပ်စု၊ နုံးပို့ကျေးရွာ၌ မုန်တိုင်းဇာတ်တိုက်လေ့ကျင့်ခန်းအား ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးနှင့်တကွ၊ ဌာနဆိုင်ရာ အသီးသီးမှတာဝန်ရှိပုဂ္ဂိုလ်များ၊ NGOs/ INGOs များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျေးရွာသူ/ကျေးရွာသားများနှင့် ကျေးရွာအဆင့် မုန်တိုင်းဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ဆောင်ရွက်ခဲ့ရာ အင်အား(၅၂၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။ ကျေးရွာလူထု အကြား သဘာဝဘေးအသိပညာဗဟုသုတရရှိစေရန်၊ မုန်တိုင်းဇာတ်တိုက် လှုပ်ရှား မှုပြုလုပ်ခြင်းဖြင့် သဘာဝဘေးတုံ့ပြန်နိုင်သည့် အားနည်းချက်/ အားသာချက်များကို ကျေးရွာလူထုကိုယ်တိုင် သိရှိစေရန်၊ … Read more
-
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ မိုင်းနားကျေးရွာအုပ်စု၊ မခေါယန်ကျေးရွာတွင်ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း
ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)မှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၁၇) ရက်နေ့တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ မိုင်းနားကျေးရွာအုပ်စု၊ မခေါယန်ကျေးရွာတွင် ဖြစ်ပွားသောမီးဘေးသင့် အိမ်ခြေ (၁) လုံး ၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၅) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စုစာ၊ ဆန်ရိက္ခာ (၃) ရက်စာ (၄၅၀ိ/-) နှင့်အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀ိ/-) တို့အား (၁၈-၂-၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ သုံးခွရပ်ကွက်တွင် သဘာဝဘေးလျော့ပါးရေး အသိပညာ ပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၁၇) ရက်နေ့ တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ သုံးခွရပ်ကွက်တွင် သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု (၆၀) ဦးခန့်တက်ရောက်ခဲ့ပြီး အဆိုပါ ဟောပြောပွဲတွင် တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရှိရပါ သည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းကျင်းပပြုလုပ်မှုသတင်း
ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာတွင် (၁၃-၂-၂၀၁၇) ရက်နေ့မှ (၁၅-၂-၂၀၁၇) ရက်နေ့ထိ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်း ကျင်းပပြုလုပ်ရာ သဘာဝဘေးကြိုတင်ပြင်ဆင်ကာကွယ်ရေးဆိုင်ရာများ သရုပ်ပြလေ့ကျင့်ခြင်း ၊ အထောက်အကူပြု ပစ္စည်းများနှင့် လက်ကမ်းစာစောင်များ၊ ပိုစတာများ ဝေငှပေးခဲ့ပြီး DAN and KOBO Mobile Application အကြောင်းရှင်းလင်းဆွေးနွေးခဲ့ပါသည်။
-
မြိတ်မြို့နယ်၊ ဝိုင်းတောင်ကျေးရွာ၊ အလယ်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်လျော့ပါး ရေးဆိုင်ရာ အကြောင်းအရာများအား ဆွေးနွေးဟောပြောခြင်းသတင်း
(၁၄ ၂ ၂၀၁၇) ရက်နေ့ မြိတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ) မှ တာဝန်ရှိသူများသည် မြိတ်မြို့နယ် ဝိုင်းတောင်ကျေးရွာ အလကခွဲ အလယ်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အကြောင်းအရာများအား ဆွေးနွေးဟောပြောခြင်း၊ DAN MOBILE APPLICATION အသုံးပြုနည်းများ ရှင်းလင်းပြသပေးခြင်းနှင့် လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများ၊ မုန့်ထုပ်များ ဝေငှပေးခဲ့ရာ ဆရာ/ဆရာမ (၁၄) ဦးနှင့် ကျောင်းသား/သူ (၃၁၇) ဦး စုစုပေါင်း (၃၃၁) ဦးတက် ရောက်ခဲ့ကြောင်းသိရှိရပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ခတ်ချိုစစ်ရှောင်စခန်းနှင့် မိုင်းနားကျေးရွာ စိန့်ဂျိုးဇက်IDPs စခန်းရှိတိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
(၁၃-၂-၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ခတ်ချိုစစ်ရှောင်စခန်းရှိတိုက်ပွဲ ရှောင်အိမ်ထောင်စုစုပေါင်း (၁၀၂) စုအတွက် (၁) အိမ်ထောင်စုလျှင် ဆန် (၆) ပြည် နှုန်းဖြင့် စုစုပေါင်းဆန် (၂၆) အိတ်၊ ထောက်ပံ့ပေးခဲ့ပြီးနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ငွေသိန်း (၅၀) ဖြင့် ဆောင်ရွက်လျက်ရှိသော ပယင်းသွေးခြင်းလုပ်ငန်း ကိုအားပေးကြည့်ရှု့ခဲ့ပါသည်။ ယင်းနောက် မိုင်းနားကျေးရွာ စိန့်ဂျိုးဇက်IDPs စခန်းရှိတိုက်ပွဲရှောင်အိမ်ထောင် စုစုပေါင်း … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်သည့်သတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၂-၂၀၁၇) ရက်နေ့ နေ့လည်ပိုင်းတွင် သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့နှင့် ပူးပေါင်းကာ သထုံမြို့နယ်အတွင်းရှိ အထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၂၄၆)ဦးအား သဘာဝဘေးရှောင်ရန်ဆောင်ရန် အသိပညာများဟောပြောခြင်း၊ သဘာဝ ဘေးပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ ဘေးမျိုးစုံပါ ပိုစတာများဖြန့်ဝေခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
-
DAN Mobile Application များဖြန့်ဝေခြင်းနှင့် DAN Mobile Application နှင့်ပတ်သက်သည့် စတေကာများကပ်ခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၂-၂၀၁၇)ရက်နေ့တွင် ကျောက်ဖြူမြို့နယ်အတွင်းရှိ Mobile ဖုန်းအရောင်း ဆိုင်များတွင် DAN Mobile Application များဖြန့်ဝေခြင်းနှင့် DAN Mobile Application နှင့်ပတ်သက်သည့် စတေကာကပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
-
မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီးအား လက်ခံတွေ့ဆုံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ၂၀၁၇ခုနှစ်၊ ဖေဖေါ်ဝါရီလ(၉)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး H.E Mr. Olivier Richard နှင့် UNICEF မှ ဌာနေကိုယ်စားလှယ် Mr. Bertrand Bainvel တို့ကိုလက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်ရေးနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရာတွင် … Read more
