မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီးအား လက်ခံတွေ့ဆုံမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ၂၀၁၇ခုနှစ်၊ ဖေဖေါ်ဝါရီလ(၉)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး H.E Mr. Olivier Richard နှင့် UNICEF မှ ဌာနေကိုယ်စားလှယ် Mr. Bertrand Bainvel  တို့ကိုလက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်ရေးနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရာတွင် ဤဝန်ကြီးဌာနအနေဖြင့် တပ်မတော်မှ ပြန်လည်လွှဲပြောင်းပေးအပ်လာသည့် အရွယ်မရောက်သေးသူ ကလေးသူငယ်များ အားမိသားစုနှင့် ပြန်လည်ပေါင်းစည်းရေးနှင့် နောက်ဆက်တွဲ စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်မှုအ‌ခြေအနေများ၊ ပြင်သစ်နိုင်ငံပါရီမြို့တွင် ယခုလ(၂၁)ရက်နေ့တွင် ကျင်းပပြုလုပ် မည့်လက်နက်ကိုင်  ပဋိပက္ခဒေသရှိ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေး တက်ရောက်ရန်နှင့် ထိုအစည်းအ‌ဝေးတွင်မြန်မာနိုင်ငံက ပါ၀င် လက်မှတ်ရေးထိုးရေးကိစ္စရပ်များ၊  အစည်းအဝေး ကျင်းပပြုလုပ်မည့် အစီအစဉ်များကို ရင်းနှီးပွင့် လင်းစွာ ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events