ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ခတ်ချိုစစ်ရှောင်စခန်းနှင့် မိုင်းနားကျေးရွာ စိန့်ဂျိုးဇက်IDPs စခန်းရှိတိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

(၁၃-၂-၂၀၁၇) ရက်နေ့တွင်  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ခတ်ချိုစစ်ရှောင်စခန်းရှိတိုက်ပွဲ ရှောင်အိမ်ထောင်စုစုပေါင်း (၁၀၂) စုအတွက် (၁) အိမ်ထောင်စုလျှင် ဆန် (၆) ပြည်  နှုန်းဖြင့် စုစုပေါင်းဆန် (၂၆) အိတ်၊ ထောက်ပံ့ပေးခဲ့ပြီးနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ငွေသိန်း (၅၀) ဖြင့် ဆောင်ရွက်လျက်ရှိသော ပယင်းသွေးခြင်းလုပ်ငန်း ကိုအားပေးကြည့်ရှု့ခဲ့ပါသည်။ ယင်းနောက် မိုင်းနားကျေးရွာ စိန့်ဂျိုးဇက်IDPs  စခန်းရှိတိုက်ပွဲရှောင်အိမ်ထောင် စုစုပေါင်း (၂၆၂) စု အတွက် (၁) အိမ်ထောင်စုလျှင် ဆန် (၆) ပြည် နှုန်းဖြင့် စုစုပေါင်းဆန် (၆၆) အိတ်အား ထောက်ပံံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

 

Sign Up

Upcoming Events