Author Archives: Department of Disaster Management

  • သထုံမြို့နယ်အတွင်း မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      မွန်ပြည်နယ် ၊သထုံခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် (၇-၄-၂၀၁၇) ရက်နေ့တွင် သထုံမြို့နယ် ဘင်လှိုင်ရပ်ကွက် ၊လမ်းမတန်း ၊ဂေါ့လမ်းထိပ်နေအိမ်တွင် ထမင်းပေါင်းအိုးဖြင့် ပိန္နဲစေ့ပြုတ်ရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ  မီးဘေးသင့် အိမ်ထောင် (၁)စု လူဦးရေ(၂)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀) မျိုး အိမ်ဆောက်ပစ္စည်းနှင့် ဆန်ဘိုးငွေ(၂၀၄,၂၀၀ိ/-) တို့အား (၇-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိပါသည်။ Source: သထုံခရို်င်ဦးစီးမှူးရုံး (ကဆရ)  

  • ရေယာဉ်နစ်မြုပ်မှုကြောင့် ဘေးဒုက္ခခံစားရသော ပြည်သူများအား နှစ်သိမ့်အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်မှုသတင်း

      နေပြည်တော်၊ ၈.၄.၂၀၁၇ (၇.၄.၂၀၁၇)ရက်နေ့၊ ည (၇)နာရီ (၂၀)မိနစ်ခန့်က ပုသိမ်မြို့ ဥမ္မာဒန္တီဆိပ်ခံ တံတားအနီးတွင် ငဝန်မြစ်အတွင်း ကျောက်တင်ရေယာဉ်နှင့် ခရီးသည်များ တင်ဆောင်လာ သော ငွေကြယ်ပွင့် စက်လှေတို့ တိုက်မိခဲ့ရာ ခရီးသည်တင် စက်လှေနစ်မြုပ်ခြင်း နှင့်ပတ်သက်၍  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူးမှ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကနဦးထောက်ပံ့မှုအဖြစ် ဆေးရုံတက် လူနာများအား စောင်နှင့် အဝတ် အထည်များကိုညတွင်းချင်းထောက်ပံ့ပေးခြင်းများဆောင်ရွက်ခဲ့ပါသည်။           … Read more

  • မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၇ခုနှစ်၊ ဧပြီလ၊ ဒုတိယ(၁၀) ရက်ပတ် မြစ်ရေအခြေအနေခန့်မှန်းချက်များ

    ဧရာဝတီမြစ်ရေသည် ဧပြီလ ဒုတိယ(၁၀)ရက်ပတ်အတွင်း မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် ၃-ပေမှ ၄-ပေခန့် ၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် ပေဝက်မှ ၁-ပေခန့်နှင့် ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၁-ပေမှ ၂-ပေခန့် မြင့်တက်လာနိုင်ပါသည်။ ချင်းတွင်းမြစ်ရေသည် ဧပြီလ ဒုတိယ(၁၀)ရက်ပတ်အတွင်း ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့ တို့တွင် ၂-ပေမှ ၃-ပေခန့် မြင့်တက်လာနိုင်ပြီး ၊ … Read more

  • ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သဲပြားကုန်းကျေးရွာအုပ်စု၊ ဘဲပြားကုန်းနှင့် စာစီကုန်းကျေးရွာများတွင် (၅-၄-၂၀၁၇)ရက်နေ့က လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၂)လုံးပျက်စီးခဲ့ပြီး အိမ်ခြေ(၅)လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ကာ ပြည်သူ (၂၅)ဦးလေဘေးသင့်ခဲ့ပါသည်။ အဆိုပါလေဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ လေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ပြီး ပျက်စီးအိမ်ခြေ (၂)လုံးမှ အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးသော အိမ်ခြေ (၅)လုံးမှ အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး၊ … Read more

  • လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရွှေကူမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများတွင် လေပြင်းတိုက်ခတ်မှုကြောင့်ပြိုကျ၊ ပျက်စီးသွားသော အိမ်ထောင်စု(၂)အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးစီနှင့် အမိုးလန်သွားသောအိမ်ထောင်စု (၁၂၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးစီ တို့အား (၅-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်ရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ပျဉ်ထောင်လေးကျေးရွာ၊ ပျဉ်ထောင်ကြီးကျေးရွာ၊ အလယ်ကျွန်းကျေးရွာတို့တွင် (၃-၄-၂၀၁၇)ရက်နေ့က လေပြင်းတိုက်ခတ်ခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပျဉ်ထောင်လေးကျေးရွာရှိ လေဘေးသင့် အိမ်ထောင်စု (၄)စု၊ ပျဉ်ထောင်ကြီးကျေးရွာရှိ အိမ်ထောင်စု (၄)စုနှင့် အလယ်ကျွန်းကျေးရွာရှိ အိမ်ထောင်စု(၂)စုတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၅)မျိုးစီကို (၆-၄-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ၂၀၁၇ ခုနှစ်၊ ဧပြီလ (၄) ရက်၊(၁၃:ဝ၀) နာရီ အချိန်တွင် ထူးခြားမြစ်ရေအခြေအနေသတင်း

      ဧရာဝတီမြစ်ရေသည် ၂၀၁ရခုနှစ်၊ ဧပြီလ(၂)ရက်နေ့နှင့် (၃)ရက်နေ့တို့တွင် ကသာမြို့၌ (၂)ရက်အတွင်း (၆)ပေခွဲခန့် မြင့်တက်ခဲ့ပြီး (၄-၄-၂၀၁၇)ရက်နေ့ (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ (၁)ပေခန့် ကျဆင်းခဲ့ပါသည်။ အဆိုပါ မြစ်ရေသည် သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် (၃)ရက်အတွင်း (၂)ပေမှ (၆)ပေခွဲခန့် မြင့်တက်ခဲ့ပါသည်။ ဧရာဝတီမြစ်အထက်ပိုင်းတွင် မြင့်တက်ခဲ့သော မြစ်ရေများသည် နောက်(၁) ရက်မှ (၃) ရက်အတွင်း မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် (၁)ပေခွဲမှ (၄)ပေခန့်နှင့် နောက်(၁)ရက်မှ (၆)ရက်အတွင်း … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်း၍ (၃-၄-၂၀၁၇) ရက်နေ့ (၁၃:ဝ၀) အချိန်တွင် လပွတ္တာမြို့နယ်၊ လပွတ္တလုပ်(မြောက်) ကျေးရွာရှိ ကျေးရွာနေပြည်သူ (၆၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပြီး လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်သူများသို့ ပန်ကြားချက်စာရွက်များနှင့် နံရံကပ်ပိုစတာများဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events