Author Archives: Department of Disaster Management
-
ဘားအံမြို့နယ်အတွင်း မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၁၇) ရက်နေ့ (၁၉:ဝ၀) ချိန်၌ ဘားအံ မြို့နယ် ကော့သံခါကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ် (၁) လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၁) စု ၊ လူဦးရေ (၂) ဦး တို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ Family Kit (၁) စုံ၊ အိမ်ဆောက်ပစ္စည်း ဖိုး(၂၀၀,၀၀ိ/-) နှင့် ဆန်ရိက္ခာ (၇) ရက်စာ (၄,၂၀ိ/-) ၊ စုစုပေါင်း … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၄-၂၀၁၇) ရက်နေ့ မွန်းလွဲ (၁း၃၀) အချိန်တွင် ကျိုင်းတုံမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ယန်းခမ်းအောက်ရွာတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျေးရွာသူ/သား စုစုပေါင်း (၅၈) ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Souce: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မကွေးမြို့နယ်အတွင်း သောက်သုံးရေလှူဒါန်းမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၁၂-၄-၂၀၁၇) ရက် နေ့ နံနက် (၁ဝ:၁၅) အချိန်တွင် ကြာကန်ကျေးရွာအုပ်စု၊ ကြာကန် ကျေးရွာနှင့် (၂) မိုင်ခန့်ဝေးကွာသော ဒေါ်ဖွားကင်း (တဲတိုက်)၊ဦးကျော်စိန် (တဲတိုက်)၊ ဦးပျိုလု (တဲတိုက်)၊ ဒေါ်နက်ပု(တဲတိုက်)၊ ဘုရားလေးဆူဘုန်ကြီးကျာင်းတိုက် အိမ်ခြေ (၁၀၀)၊ အိမ်ထောင်စု (၁၀၅)၊ လူဦးရေ (၅၀၀) တို့အတွက် သောက်သုံးရေဂါလံ (၇၂၀၀) ကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက်စာစောင်များ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၁၇) ရက်နေ့တွင် ထားဝယ်မြို့၊ ကမ်းနားလမ်းဘေးရပ်ကွက်များတွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် လက်ကမ်းစာစောင်များ ကွင်းဆင်းဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ပြည်သူသို့ပန်ကြားချက် ဗီနိုင်းပိုစတာစိုက်ထူပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၄-၂၀၁၇)ရက်နေ့ နံနက်(၁ဝးဝ၀)နာရီအချိန်တွင် စစ်တွေမြို့မစျေးကြီးတွင် လေပြင်းဘေး ကြိုတင်ပြင်ဆင်ရန် ပြည်သူသို့ပန်ကြားချက် ဗီနိုင်းပိုစတာများစိုက်ထူခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
လယ်ဝေးမြို့နယ်၊ ပင်သောင်ကျေးရွာသို့ သောက်သုံးရေလှူဒါန်းမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် လယ်ဝေးမြို့နယ်၊ ပင်သောင်အုပ်စု၊ ပင်သောင်ကျေးရွာရှိ အိမ်ခြေ (၂၃၆) လုံးရှိိ အိမ်ထောင်စု (၂၃၆)စု၊ လူဦးရေ (၁၄၇၉) ဦးအတွက် သောက်သုံးရေများ လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်တွင် (၉-၄-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးတွင် မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၄) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ထောင်စု (၁) စုစာ၊ ဆန်ရိက္ခာ (၇) ရက်စာ (၈၄၀၀ိ/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-)ကျပ်ကိုထောက်ပံ့ပေးခဲ့ပြီး ဧရာရပ်ကွက်တွင် (၁၀-၄-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးတွင် မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ … Read more
-
ရှမ်းပြည်နယ်၊ ပင်လုံမြို့ပေါ်ရပ်ကွက် (၃) ခုမှ ရပ်ကွက်နေ ပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင် သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရသော ပင်လုံမြို့ပေါ်ရပ်ကွက် (၃) ခုမှ ရပ်ကွက်နေ ပြည်သူများအတွက် သောက်သုံးရေများဖြန့်ဝေပေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ရပ်ကွက်များ အတွင်းရှိ ရေကန် (၉) ခုမှတစ်ဆင့် ရေဂါလံပေါင်း (၅၄၀၀) ခန့်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
လေပြင်းဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၁၇) ရက်နေ့တွင်လေးမျက်နှာမြို့နယ်၊ ဝက်ကုန်းအုပ်စု၊ လဲခုံလေးကျေးရွာ၌ ဖြစ်ပွားသောလေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပြိုလဲ ၀ါးအိမ် (၂) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ် (၈) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ စုစုပေါင်း(၁၀၀၀၀၀၀ိ/-)ကျပ်/ (ဆယ်သိန်းကျပ်)တိတိကို လေးမျက်နှာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၁၀-၄-၂၀၁၇)ရက်နေ့တွင် လေဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မီးဘေးဖြစ်ပွားခဲ့သော လယ်ဝေးမြို့နယ် မြွေရိုးစု အုပ်စုရှိ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းသို့ ထောက်ပံ့ပေးမှုသတင်း
ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး(ကဆရ) မှ တာဝန်ရှိသူများသည် (၇-၄-၂၀၁၇) ရက်နေ့၌ လယ်ဝေးမြို့နယ် မြွေရိုးစုအုပ်စု အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်းတွင် မီးဘေးဖြစ်ပွားခဲ့ရာ မီးဘေးသင့်ဘုန်းတော်ကြီး ကျောင်းအား သင်္ကန်း (၄) စုံနှင့် ရန်ပုံငွေ (၃၀၀,၀၀၀/-) ကျပ်တို့ကို (၁၀-၄-၂၀၁၇) ရက်နေ့တွင် သွားရောက် ထောက်ပံ့ဆက်ကပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
