Author Archives: Department of Disaster Management
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက်ပြည်သူသို့ပန်ကြားလွှာလက်ကမ်းစာစောင်ဝေငှမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၄-၂၀၁၇) ရက်နေ့တွင် လေပြင်းဘေးအန္တရာယ် ကြိုတင်ပြင် ဆင်ရန်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်များအား ပြည်သူများသိရှိစေရန်အတွက် အသိပညာပေးလက်ကမ်းစာစောင်များအား မော်လိုက်မြို့နယ်၏ ဆိပ်ကမ်း၊ ကားဂိမ် များနှင့် စျေးဆိုင်များရှိပြည်သူများထံသို့လိုက်လံ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး ပြည်သူသို့ပန်ကြားချက် ဗီနိုင်းစိုက်ထူမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ ပန်ကြားချက် ဗီနိုင်းဆိုင်းဘုတ်ကို (၂၀-၄-၂၀၁၇) ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ သီရိခေမာစျေးအနီး အထက်ကျောင်းရှေ့တွင် စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်အတွင်းရှိ ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ သံဆည်ကျေးရွာနှင့် ငမကျေးရွာတို့တွင် (၁၈-၄-၂၀၁၇)ရက်နေ့ က မာရသာမုန်တိုင်းဒဏ်ကြောင့် အမိုးလန်သွားသော အိမ်ခြေ (၉၇)လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၆၀၀၀၀)ကျပ်ကို (၂၀-၄-၂၀၁၇)ရက်နေ့က စေတုတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် လေပြင်းဘေးကြိုတင် ကာကွယ်ရေးဗီနိုင်း များစိုက်ထူခြင်း နှင့် ရေသန့်ကဒ်များလှူဒါန်းထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်အတွင်း လေပြင်း ဘေးကြိုတင်ကာကွယ်ရေး ပြည်သူသို့ပြန်ကြားချက် ဗီနိုင်းများစိုက်ထူခြင်း၊ သောက်သုံး ရေလိုအပ်ချက်တင်ပြတောင်းခံထားသည့် နံ့သာမြိုင်ကျေးရွာတောင်ပေါ်ဘုန်းကြီး ကျောင်းသို့သွားရောက်၍ ကွင်းဆင်းလေ့လာခြင်း၊ လတ်တလော သောက်သုံးရေအဆင် ပြေစေရေး ရေသန့်ကဒ်များလှူဒါန်းခြင်းများကို (၁၉.၄.၂၀၁၇) ရက်နေ့တွင် သွားရောက် လှူဒါန်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်း လေးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၄-၂၀၁၇) ရက်နေ့၊ (၁၃း၃၀) အချိန်တွင် မော်လမြိုင်ကျွန်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ လေးဂွကြီးကျေးရွာနှင့် ဘင်္ဂလားကြီးကျေးရွာတွင် (၁၆-၄-၂၀၁၇) ရက်နေ့က ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြည်သူ အိမ်ခြေ(၃၁)လုံး၊ အိမ်ထောင်စု(၃၁)စု၊ ဘေးသင့် လူဦးရေ (၁၂၀) ဦးတို့အား အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွွေ(၃၁၀၀၀၀၀/ိ)၊ လုံးဝပျက်စီး(၁၆)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးနှင့် အမိုးလန်အိမ်ခြေ (၁၅)လုံးအတွက် ကယ်ဆယ်ရေးပစ္စည် (၄)မျိုး၊ လူဦးရေ(၁၂၀)ဦးအတွက် ဆန်ရိက္ခာဖိုး(၂၅၂၀၀၀ိ/)l ငွေကျပ်စုစုပေါင်း (၃၃၅၂၀၀၀ိ/) အား လေဘေးသင့် ပြည်သူများထံသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်၊ မော်လမြိုင်ကျွန်းမြို့နယ် … Read more
-
မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ညောင်ဘီးကျေးရွာအုပ်စု၊ အညှင်းကျေးရွာ လေဘေးသင့်ပြည် သူများအား ထောက်ပံ့မှုသတင်း
မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ညောင်ဘီးကျေးရွာအုပ်စု၊ အညှင်းကျေးရွာတွင် (၄ – ၄ – ၂၀၁၇) ရက်နေ့က လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ အဆိုပါလေဘေးသင့်ပြည်သူများ အား ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေဘေးသင့် အိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၅၀၀၀၀) ကျပ်နှင့် အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၂) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆၈၀၀) ကျပ်တို့ကို (၁၉ – ၄ – ၂၀၁၇) ရက်နေ့တွင် … Read more
-
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်တွင် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ဟဲကွီကျေးရွာအုပ်စု၊ ရေဆန်ကျေးရွာတွင် (၆-၄-၂၀၁၇) ရက်နေ့က လေဆင်းနှာမောင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေ(၁)ခုမှ အိမ်ထောင်စု(၁)စု လူဦးရေ (၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး၊ ဆန်ရိက္ခာ (၇)ရက်စာ (၆၃၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀)ကျပ်တို့အား (၉-၄-၂၀၁၇)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ အသိပညာပေး လေ့ကျင့်သင်ကြားပေးမှုသတင်း
(၁၈.၄.၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)မှ တာဝန်ရှိသူများနှင့် FREDA အဖွဲ့တို့ပူးပေါင်း၍ ပြည်သူလူထုုပူးပေါင်းပါဝင်သော သဘာဝဘေးလျော့ပါးရေးသင်တန်းအား ဘိုကလေးမြိ ု့နယ်ထော်ပိုင်ကျေးရွာအုပ်စု အေးချမ်းသာယာကျေးရွာ School Cum Shelter တွင် အနီးဝန်းကျင်ကျေးရွာများမှ သင်တန်းသား/သူ (၂၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ဘေးအန္တရာယ်ဆိုင်ရာကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ စာတွေ့လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းများ အသိပညာပေး လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)မှ တာဝန်ရှိသူများသည် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ ဂွေးချောင်းကြီးကျေးရွာ၊ ကျွန်းသာယာကျေးရွာအုပ်စု၊ သ ဘော့ကျွန်းကျေးရွာနှင့် ဆတ်ကျွန်းကျေးရွာအုပ်စုအတွင်းရှိ မရမ်းကျေးရွာများတွင် လေပြင်းတိုက်ခတ်ခံရမှုကြောင့် စုစုပေါင်းပြိုကျပျက်စီးအိမ်ခြေ( ၇)လုံးနှင့် အမိုးလန်ပျက်စီးအိမ်ခြေ(၂)လုံး တို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၇)အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး (၂)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေ(၁၁၀၀၀၀၀ိ/-)နှင့် လူဦးရေ(၃၅)ဦးအတွက် (၇)ရက်စာဆန် ရိက္ခာဘိုး(၇၃၅၀၀ိ/-) စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၁၇၃၅၀၀ိ/-) တိတိအား (၁၈.၄.၁၇) ရက်နေ့တွင် ဘိုက လေးမြို့နယ် ထွေ/အုပ် ခန်းမ၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ သက်ဆိုင်ရာ တာဝန်ရှိသူများရှေ့မှောက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် မိုးကြိုးထိမှန်၍သေဆုံးသူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မောင်းလှော်ကျေးရွာအုပ်စု၊ ရတောင်အတွင်းကျေးရွာတွင် (၅-၄-၂၀၁၇)ရက်နေ့က မိုးကြိုးထိမှန်၍ သေဆုံးသူ (၂)ဦးအတွက် နာရေးထောက်ပံ့ငွေ (၆၀၀၀၀၀)ကျပ်နှင့် ဆေးရုံတက်ဒဏ်ရာရလူနာ (၁)ဦးအတွက် ထောက်ပ့ံစရိတ် (၅၀၀၀၀)ကျပ် စုစုပေါင်း (၆၅၀၀၀၀)ကျပ်ကိုလည်းကောင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာအုပ်စု၊ ရှမ်းအင်းတော်ကျေးရွာတွင် (၁၁-၄-၂၀၁၇)ရက်နေ့က မိုးကြိုးထိမှန်၍ သေဆုံးသူ (၂)ဦးအတွက် နာရေးထောက်ပံ့ငွေ (၆၀၀၀၀၀)ကျပ်ကိုလည်းကောင်း (၁၉-၄-၂၀၁၇)ရက်နေ့က သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
