ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်း လေးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

Labbutta_20_4_2017

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၄-၂၀၁၇) ရက်နေ့၊ (၁၃း၃၀) အချိန်တွင် မော်လမြိုင်ကျွန်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ လေးဂွကြီးကျေးရွာနှင့် ဘင်္ဂလားကြီးကျေးရွာတွင် (၁၆-၄-၂၀၁၇) ရက်နေ့က ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြည်သူ အိမ်ခြေ(၃၁)လုံး၊ အိမ်ထောင်စု(၃၁)စု၊ ဘေးသင့် လူဦးရေ (၁၂၀) ဦးတို့အား အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွွေ(၃၁၀၀၀၀၀/ိ)၊ လုံးဝပျက်စီး(၁၆)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးနှင့် အမိုးလန်အိမ်ခြေ (၁၅)လုံးအတွက် ကယ်ဆယ်ရေးပစ္စည် (၄)မျိုး၊ လူဦးရေ(၁၂၀)ဦးအတွက် ဆန်ရိက္ခာဖိုး(၂၅၂၀၀၀ိ/)l ငွေကျပ်စုစုပေါင်း (၃၃၅၂၀၀၀ိ/) အား လေဘေးသင့် ပြည်သူများထံသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်၊ မော်လမြိုင်ကျွန်းမြို့နယ် အထွေထွေအုပ်ချ ုပ်ရေးမှူးတို့နှင့်အတူ ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events