Author Archives: Department of Disaster Management

  • လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးမှုသတင်း

    ပြည်ထောင်စုနယ်မြေ ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်အတွင်း (၆-  ၇-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော လေဘေးကြောင့်  အောင်သာကျေးရွာ၌   ပြိုလဲ အိမ် (၃) အိမ်နှင့်  အမိုးလန် (၆ ) အိမ်နှင့် ယက္ကန်းစင်ကျေးရွာတွင် ပြိုလဲ အိမ် (၄ ) အိမ်နှင့် အမိုးလန် (၂) အိမ်တို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးနှင့် (၁၀) မျိုးတို့ကို (၇-၅-၂၀၁၇) ရက်နေ့တွင် ထောက်ပံပေးခဲ့ကြောင်း သိရှိရပါသည်။ Source : … Read more

  • မီးဘေးထောက်ပံ့မှုသတင်း

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တက်ကုန်းရပ်ကွက်၌ (၆-၅-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားသော မီးလောင်မှုကြောင့်  မီးဘေးသင့်အိမ်ထောင်စု (၁) စုမှ လူဦးရေ (၇) ဦးတို့အတွက် ကယ်ဆယ်ရေး ပစ္စည်း (၉) မျိုး ၊ဆန်ရိက္ခာဖိုးငွေ (၁၄,၇၀၀) ကျပ်နှင့်  အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်တို့ကို ကချင်ပြည်နယ်ဦစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၇-၅-၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။ Source: ကချင်ပြည်နယ်ဦစီးမှူးရုံး (ကဆရ)

  • မိုးကြိုးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

      ကျောက်တံခါးမြို့နယ်၊ဆီဆုံကုန်းကျေးရွာအုပ်စုု၊ခြံကြီးကျေးရွာတွင်(၅-၅-၂၀၁၇) ရက်နေ့၌ဖြစ်ပွားသော မိုးကြိုးဘေးကြောင့် သေဆုံးသူ ဦးဆန်းလင်းဦးအတွက်ထောက်ပံ့ငွေ (၃) သိန်းကို ဇနီးဖြစ်သူအား လည်းကောင်း၊ ဒဏ်ရာရသူ ဦးခိုင်ဝင်းအတွက် (၅) သောင်းအား လည်းကောင်း(၇-၅-၂၀၁၇) ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းကျော်နှင့် အတူ တိုင်းဒေသကြီးဦးစီးမှူး (ကဆရ)မှ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • မီးဘေးထောက်ပံမှုသတင်း

    ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာ၌ (၆-၅-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားသော မီးလောင်မှုကြောင့် မီးဘေးသင့်  နေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး ၊ ဘေးသင့်လူဦးရေ (၁၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၃၃,၆၀၀) ကျပ်နှင့်အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀) ကျပ်အားလည်းကောင်း မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည်  (၇-၅-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

    ကချင်ပြည်နယ်၊ တနိုင်းမြို့ ဟူးကောင်းရက်ကွက်တွင်(၅-၅-၂၀၁၇) ရက်နေ့၌ဖြစ်ပွားသော လေဘေးသင့် အိမ်ထောင်စု (၁) စု ၊ လူဦးရေ (၅) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ အိမ်ဆောက် ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာ (၇) ရက်စာ(၁၀,၅၀၀)ကျပ်တို့ကို တနိုင်းမြို့နယ် အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် ပြည်နယ်ဦးစီးမှူးမှ လွှဲပြောင်းထောက်ပံ့ပေး ခဲ့ကြောင်း သိရှိရပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • ကနီမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

      (၆-၅-၂၀၁၇)ရက်နေ့တွင် ဖြစ်ပွားသော လေဘေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ကနီမြို့နယ်အတွင်း ကနဦးထောက်ပံ့နိုင်ရေးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ထောက်ပံ့သော အိမ်ထောင်စု (၂၆၃)စုစာ  ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးကြိုတင်ငွေ သိန်း(၁၀၀) နှင့်သေဆုံးသူ(၁) ဦးအတွက် ထောက်ပံ့ငွေ( ၃၀၀,၀၀၀) ၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀,၃၀၀,၀၀၀) အား လွှတ်တော်ကိုယ်စားလှယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဌာနဆိုင်ရာများ မြို့မိ မြို့ဖများနှင့် အတူ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ (၇-၅-၂၀၁၇) ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

      တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာအုပ်စု၊ ကျောက်မီးကျောင်းကျေးရွာတွင် ( ၄ – ၅ – ၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော လေပြင်းတိုက်ခတ်မှုကြောင့်  လေဘေးသင့် အိမ်ထောင်စု (၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးပါ ပလစ်စတစ်ပုံး (၆) ပုံး၊ လူဦးရေ (၂၈) ဦးအတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုး (၅၈,၈၀၀) ကျပ်နှင့်  အိမ်ခြေ (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပ့ံငွေ (၃၅၈,၈၀၀) ကျပ်ကို … Read more

  • လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အင်းတော်မြို့နယ်တွင် (၅-၅-၂၀၁၇)ရက်နေ့ ၌ ဖြစ်ပွားသော လေဘေးအတွက် လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်း (၅)မျိုး၊ အိမ်ထောင်စု (၇၅) စုစာကို (၆-၅-၂၀၁၇)ရက်နေ့တွင် အင်းတော်မြို့နယ် အထွေထွေဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events