ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် လေပြင်းတိုက်ခတ်မှုအခြေအနေနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိခြင်း

w1 w2 w3 w4 w5 w6 w7 w8

 

  • ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်အတွင်း၌(၄-၅-၂၀၁၇)နေ့တွင် လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်(၁၇)လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ်(၅၄၅)လုံး၊ ဘုန်းကြီး ကျောင်း(၁၁)ကျောင်း၊ စာသင်ကျောင်း (၇)ကျောင်း၊ ဌာနဆိုင်ရာအဆောက်အဦ(၃)ခု၊ သီလရှင်ကျောင်း(၁)ကျောင်းနှင့် ဇရပ်(၁)ဆောင် အမိုးအကာလန်ပျက်စီးခဲ့ကာ လူ(၁)ဦးသစ်ပင်ပိ၍ ဒဏ်ရာရရှိခဲ့ပါသည်။
  • အလားတူ (၄-၅-၂၀၁၇)နေ့နှင့်(၅-၅-၂၀၁၇)နေ့များတွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျောက်ကြီး၊ အုတ်ဖိုနှင့် ဒိုက်ဦးမြို့နယ်များအတွင်း နေအိမ်(၈)လုံးနှင့် ဘုန်းကြီးကျောင်း (၁)ကျောင်း ပြိုကျ ပျက်စီးခဲ့့ပြီး နေအိမ်(၄၀)လုံး၊ ဘုန်းကြီး ကျောင်း(၆)ကျောင်း၊ စာသင်ကျောင်း (၈)ကျောင်း၊ ဌာနဆိုင်ရာ အဆောက်အဦ(၉)ခုနှင့် ကြက်ခြံ(၇)ခြံ အမိုးအကာလန်ပျက်စီးခဲ့ပါသည်။ အဆိုပါ ဘေးများအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို (၅-၅-၂၀၁၇)နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ဘေးသင့်ဒေသများသို့ သွားရောက် ထောက်ပံ့လျက်ရှိပါသည်။

 

  • စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်အတွင်း၌ (၅-၅-၂၀၁၇)နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂၂)လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ်(၂၇၄)လုံး၊ ဘုန်းကြီးကျောင်း(၅)ကျောင်း၊ စာသင်ကျောင်း (၆)ကျောင်း၊ ရုံးအဆောက်အဦ (၁)လုံး၊ ဇရပ်(၉)ဆောင် အမိုးအကာလန်ပျက်စီးခဲ့ကာ လူ(၂)ဦး ဒဏ်ရာရရှိ ခဲ့ပါသည်။
  • ဟုမ္မလင်းမြို့နယ်အတွင်း (၅-၅-၂၀၁၇)နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ(၃၄၁)လုံး၊ စာသင်ကျောင်း(၁၃)ကျောင်း၊ ဘုန်းကြီးကျောင်း(၇)ကျောင်း အမိုးအကာလန်ပျက်စီးခဲ့ပြီး လူ(၁)ဦး သေဆုံးခဲ့ပါသည်။
  • ရွှေဘိုမြို့နယ်အတွင်း (၅-၅-၂၀၁၇)နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂၅)လုံး ပြိုကျ ပျက်စီးခဲ့ပြီး နေအိမ် (၁၁၉)လုံး၊ စာသင်ကျောင်း(၃)ကျောင်း အမိုးအကာလန်ပျက်စီးခဲ့ပါသည်။
  • အလားတူ အင်းတော်၊ ဘုတလင်၊ ခန္တီး၊ ကနီ၊ ဝက်လက််၊ ဗန်းမောက်၊ ကောလင်း၊ ဝန်းသိုနှင့် ပင်လည်ဘူးမြို့နယ်များအတွင်း နေအိမ်(၂)လုံးပြိုကျပျက်စီးခဲ့ပြီး နေအိမ်(၁၂၂)လုံး၊ ဘုန်းကြီး ကျောင်း(၅)ကျောင်း၊ စာသင်ကျောင်း(၃)ကျောင်း၊ ဇရပ်(၁)ဆောင်၊ ဓမ္မာရုံ(၂)လုံး၊ စာကြည့်တိုက် (၁)လုံးအမိုးအကာလန် ပျက်စီးခဲ့ကာ လူ(၁)ဦး ဒဏ်ရာရရှိခဲ့ပါသည်။ အဆိုပါဘေးများအတွက် ကယ်ဆယ်ရေးပစ္စည်း များနှင့် ထောက်ပံ့ငွေများကို (၆-၅-၂၀၁၇)နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ဘေးသင့် ဒေသများသို့ သွားရောက်ထောက်ပံ့လျက်ရှိကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events